6 w - Translate

နာမည်ကြားဖူးပေမယ့်တကားမှမကြည့်ဖူးတဲ့ခေတ်ဟောင်းရုပ်ရှင်မင်းသားကြီးက “ မောင်သင် “ ဖြစ်ပါတယ်။သူဟာစစ်ဗိုလ်၊ဆရာဝန်၊စာရေးဆရာ၊ရုပ်ရှင်မင်းသား၊ရုပ်ရှင်ဒါရိုက်တာဂုဏ်ပုဒ်များစွာပိုင်ဆိုင်ခဲ့သူပါ။ မောင်သင်နဲ့သီသီ တွဲသရုပ်ဆောင်တဲ့ “အတွေ့” ရုပ်ရှင်ဇတ်ကားကိုအရင်ခေတ်လူကြီးများအရမ်းဖီးလ်ပြီး Heart ထိခဲ့ကြတယ်ဆိုပါတယ်။

၁၉၂၁ မှာရုပ်ရှင်မင်းသားမောင်သင် (အမည်ရင်းမောင်မောင်သင်) ကိုမန္တလေးတိုင်းနွားထိုးကြီးမြို့မှာ
ဖခင်ထန်းခွရွာသူကြီးဦးငွေဇင်နဲ့အမိဒေါ်သီလမှမွေးဖွားခဲ့တယ်။မွေးခြင်း ၈ ယောက်မှာ ၆ ယောက်မြောက်ဖြစ်တယ်။

မြင်းခြံအထက်တန်းကျောင်းမှဆယ်တန်းအောင်ပြီးဆေးကောလိပ်တက်နေတုံးဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့တယ်။စစ်အပြီးမောင်သင်ဟာအစိုးရဆရာဝန်စာမေးပွဲဖြေဆိုအောင်မြင်ခဲ့တယ်။စစ်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၅၈ ခုနှစ်မှာအရပ်ဖက်ဆရာဝန်ဒေါက်တာမောင်သင်အဖြစ်ကူးပြောင်းခဲ့တယ်။

မောင်သင်ဟာဇာတိထန်းခွရွာမူလတန်းကျောင်းသားဘဝထဲကစာပေဝါသနာပါခဲ့တယ်။နာမည်ကျော်နဂါးနီဂျာနယ်မှာမောင်သင့်ကိုယ်တွေ့ဆောင်းပါးဝထ္ထူများရေးသားခဲ့တယ်။သွေးသောက်၊မြဝတီ၊ငွေတာရီမဂ္ဂဇင်းများမှာဆေးပညာအခြေခံဝထ္ထူတိုများစွာရေးဖွဲ့ခဲ့တယ်။

ဆရာ့ဇာတ်လမ်းစုံ(ငါးတွဲ)၁၉၅၉ - ၁၉၇၁၊
ချစ်သောအညို(၁၉၆၉)၊
တင့်လှပေဟန်၊အရိပ်ပမာ၊မိုးမဲ၊
မိန်းမများကိုလှစေသူ(၁၉၆၈)၊
အောင်အောင်မြင်မြင်(၁၉၇ဝ)၊
မြရည်နန္ဒာ(၁၉၇၁)နဲ့မိုးကိုမျှော်သည်(၁၉၇၁) ဝထ္ထုများထင်ရှားအောင်မြင်ခဲ့ကြတယ်။

ရုပ်ရှင်မင်းသားစာရေးဆရာမောင်သင်ဟာစာပေထူးချွန်ဆုများရရှိခဲ့တယ်။ဆရာ့ဇာတ်လမ်းစုံ (၁)စာပေဗိမာန်ဝတ္ထုပေါင်းချုပ်ဆု(၁၉၅၉)နဲ့ဆရာ့ဇာတ်လမ်းစုံ(၂) အမျိုးသားစာပေဆုဝတ္ထုတိုပေါင်းချုပ်ဆု(၁၉၇၁)ရရှိခဲ့တယ်။

ရုပ်ရှင်မင်းသားစာရေးဆရာ
ရုပ်ရှင်မင်းသားဒေါက်တာမောင်သင်ဟာ ၁၉၅၂ ခုနှစ်မှာဒေါ်ခင်သက်တင်နှင့်လက်ထပ်ခဲ့ပြီးသားသမီး ၅ ဦး ထွန်းကားခဲ့တယ်။

‌မောင်သင်ကိုယ်တိုင်ရေး “ရေတိမ်နစ်ခြင်း” ဝတ္ထုကို “ချစ်သွေးသစ္စာ” နာမည်နဲ့ကိုယ်တိုင်သရုပ်ဆောင်ကိုယ်တိုင်ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တယ်။

ပန်းပုသူဇာ(ကိုယ်တိုင်ဒါရိုက်တာ) ချစ်သွေးသစ္စာ၊စိုးပါနဲ့မေရယ်၊ရေမြေဆုံးတိုင်၊တင့်လှပေဟန်၊သူနဲ့ နာမည်ကျော် “အတွေ့”ရုပ်ရှင်ကားများမှာပါဝင်သရုပ်ဆောင်ခဲ့တယ်။

ရုပ်ရှင်အနုပညာထူးချွန်မှုကြောင့် ရုပ်ရှင်မင်းသားမောင်သင်ဟာ ၁၉၆၀ မှာ "ချစ်သွေးသစ္စာ" ရုပ်ရှင်နဲ့အမျိုးသားသရုပ်ဆောင်ရွှေစင်ရုပ်တုဆုနှင့်သူရဿတီမယ်တော်ဆုရရှိခဲ့တယ်။မင်းသားကြီးမောင်သင်ဟာ ၂၀၂၃ လွတ်လပ်ရေးနေ့က "အနုပညာလူမှုထူးချွန်(ဒုတိယ)" ဆုရရှိခဲ့ပါတယ်။

၁၉၉၃ ခုနှစ်မှာစစ်ဗိုလ််စာရေးဆရာရုပ်ရှင်ဒါရိုက်တာအကယ်ဒမီမင်းသားဒေါက်တာမောင်သင် (အသက် ၇၃ နှစ်)ဟာရှမ်းပြည်‌တောင်ပိုင်းဖယ်ခုံမြို့ရှိသမီးလတ်မညိုမီသင်မိသားစုဆီအလည်သွားရင်းကွယ်လွန်ခဲ့ရတယ်။

လွင်ဦး(ရန်ကင်း)
#lwinooyankin

image