6 w - Translate

[Short REVIEW] 🔴 Vaseline အနီ (Pro-Age Restore)

အသက်အရွယ် တစ်ခုရောက်လာပြီဆိုရင် အသားအရေက လျော့တွဲလာတာသဘာဝမို့ Age ကို Restore လုပ်ပေးနိုင်တဲ့ Products တွေက သုံးကိုသုံးသင့်ပါတယ်။

🔴 Vaseline ရဲ့ Serum Burst Lotion တွေထဲမှာ အကြိုက်ဆုံးကို ချပြပါဆိုရင် ဒီ အနီရောင် Pro Age Restore လို့ပြောရတယ်။

အစိမ်းလေးကို လိမ်းတုန်းကလည်း ကြိုက်ခဲ့တယ်။ အနီသုံးပြီးတဲ့ နောက်ပိုင်းမှာ အစိမ်းဖက်ကို မရောက်တော့ဘူး။

နေ့ရော ညရောပါ သုံးဖြစ်တယ်။
နေ့ဖက်ဆို သူ့ကိုလိမ်းပြီး အပေါ်က Sun Lotion ထပ်လိမ်းဖြစ်တယ်။

အနံ့လေးကိုလည်း ကြိုက်တဲ့အပြင် သူက Moisture ကို အစိမ်းထက်ပိုပေးတဲ့အတွက်ကြောင့်လည်းပါမယ်။

Vaseline ရဲ့ Serum Burst Lotion တွေမှာ အသားအရေကို စိုပြီး ကြည်စေတာကတော့ သူ့ Lotion တိုင်းလိုလိုပါပဲ။

Texture ကလည်း Serum Burst Lotion တွေတိုင်းက အတူတူပဲ။ Gel Cream Texture ကိုမှ အေးအေးလေးနဲ့ အသားထဲ စိမ့်ဝင်တာမြန်တယ်။

ဒါပေမယ့် ဒီ အနီရောင် Pro-Age Restore ကတော့ စိုရုံ ကြည်ရုံတင် မကဘူး အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေတယ်။

၀ ရာကနေ ပိန် သွားတဲ့ သူတွေဆို Body Skin က လျော့တွဲတွဲဖြစ်တယ်။ လက်မောင်းလို၊ ပေါင်လိုနေရာမျိုးဆိုပိုသိသာတယ်။

အဲ့လိုမျိုး လျော့တွဲတွဲဖြစ်နေတဲ့ အသားအရေမျိုးဆို သားဖြိုး အနေနဲ့ ဒီ Vaseline Pro-Age Restore ကို သုံးဖို့ Recommend လုပ်တဲ့။

ဒီတော့ ကိုယ့် Body Skin က မကြည်ဘူး မစိုဘူး။ အဲ့ဒီအပြင် အသားအရေက လျော့တိလျော့ရွဲပါဖြစ်နေတယ်ဆိုရင်တော့ ဒီ Vaseline အနီရောင် Pro-Age Restore Serum Burst Lotion ကို သုံးကိုသုံးကြည့်သင့်တယ်။

သားဖြိုးက Thai ကနေမှာတာမို့ ဝယ်တဲ့ ဆိုင်နဲ့ စျေးနှုန်းကို Mention မလုပ်နိုင်တာကို နားလည်ပေးပါနော်..။
ဒီမှာလည်း OS တော်တော်များများရှိတာမို့ ပုံလေးပြပြီး မေးဝယ်ပေါ့ ..။

သားဖြိုးရဲ့ Review လေးကတော့ ဒီလောက်ပါပဲဗျ။

🫶🏼 ချစ်တဲ့စိတ်နဲ့ မျှဝေပေးတဲ့ Review လေးဖြစ်တာမို့ အချစ်တွေနဲ့ ဖတ်ပေးပါနော် ✌🏼

နောက် Blog မှာ ပြန်တွေ့ကျတာပေါ့…❤️

#vaseline #red
#serumburstlotion
#treasurebytharphyoe
#crd

image