"စာပေ မိတ်ဆွေကောင်း"🌿🌿🌿📖📖🌎
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"စာပေဆိုတဲ့ အနုပညာမှာ
ပျော်မွေ့လာခဲ့ရင်
ရိုင်းပြတတ်တဲ့စိတ် ၊
အောက်တန်းကျတဲ့စိတ် ၊
မတရားအနိုင်ကျင့်ချင်တဲ့စိတ်တွေ
နည်းသွားလိမ့်မယ်။
စာနာတဲ့စိတ်၊ မျှတတဲ့စိတ်တွေက
တဖြည်းဖြည်းပေါ်လာမယ်။"💞🌿🌿

ဒါကြောင့်

စိတ်ဓာတ်ကျနေရင်...စာဖတ်ပါ။

အလုပ်အဆင်မပြေရင်လည်း
စာဖတ်ဖို့အတွက် အချိန်ပေးပါ။🌿🌿

ပင်ပန်းလို့အရှုံးပေးချင်နေပြီဆိုရင်လည်း...
စာဖတ်ဖို့ အချိန်ပေးပါ။🌿🌿

ပတ်ဝန်းကျင်ရဲ့ စကားလုံးတွေကြောင့်
စိတ်ညစ်နေရင်လည်း စာဖတ်ဖို့အတွက် အချိန်ပေးပါ။🌿🌿

အသည်းကွဲနေရင်...စာဖတ်ပါ။🌿🌿

အထီးကျန်သလို ခံစားရရင်...စာဖတ်ပါ။🌿🌿

ဘယ်သူမှ အရေးမထားတဲ့အခါမှာလည်း...စာဖတ်ပါ။🌿🌿

စာဖတ်ရင် အောင်မြင်မှုတွေကို
ချက်ချင်းသယ်ဆောင်လာပေးတာ ၊
အရာရာကိုပြည့်စုံသွားအောင် ထားပေးတာ မဟုတ်ပေမယ့်..💕💕

စာဖတ်ရင်...

စိတ်ဓာက်ကျနေတဲ့အခါမှာ
အားအင်ရှိစေတဲ့ စကားလုံးတွေကို ရှာတွေ့နိုင်တယ်။🌿🌿

စာအုပ်က စကားမပြောတတ်ပေမယ့်
စာအုပ်က ကိုယ့်ဘဝအလင်းရောင်
ပေးနိုင်တာကြောင့် စာဖတ်ပါ....မိတ်ဆွေ။🍁🌹🌻🌻🌻🌻🌻
#admin_at

မူရင်းရေးသားသူ - ဆရာညီပုလေး #စာပေ

#စာပေနှင့်ဗဟုသုတမျှဝေရာ #လူငယ်စာပေ
#followpleasmypage
#crd

image