6 w - Translate

Civic Gluta lotion review 💕

ပထမဆုံး အနံ့လေးကိုအရင်ပြောပြပါမယ် အနံ့ကတော့ နိုတို့ငယ်ငယ်က ဖန်ဖြူပုလင်းလးနဲ့ စနိုး ခေတ်ထသေးတယ်လေ အသက်၂၅ကျော်တွေဆိုအဲ့ခေတ်ကိုမှီလောက်တယ် အဲ့ဒီ့စနိုးအနံ့မျိုးပါပဲ ချွတ်စွပ်😁

Texture ကတော့ နိုအကြိုက်ထဲမပါဘူး စိမ့်ဝင်မမြန်ဘူး နည်းနည်းလေးစေးကပ်တယ်ခံစားရတယ် ရာသီဥတုပူတဲ့ချိန်မှာလူးလို့ကောင်းတဲ့ထဲမပါဘူး အခန်းကအေးနေလို့ ရှိရင်တော့ လူးရမဆိုးလှဘူး ရေခဲသေတ္တာထဲထည့်ထားပြီးလူးချင်လူးပေါ့နော်😉

တကယ်ဖြူလား ?? မဖြူပါဘူးနော် တခြား booster တို့ Dose တို့နဲ့တွဲသုံးရင်တော့သိသာနိုင်ပေမဲ့ သူ့ချည်းကတော့ မဖြူပါဘူး ဗူးဝက်လောက်ကျိုးမှ အသားညီလာတယ် အနည်းငယ်ကြည်လာတယ်စိုလာတယ် ဒီလောက်ပါပဲ ဆက်တိုက်သူ့ချည်းစွဲသုံးရင်တော့မပြောတတ်ဘူးပေါ့နော် နိုကအခုကဗူးတဝက်ပဲသုံးရသေးတော့လေ😮‍💨

ဆိုတော့ကား သူ့စျေးတန်းနဲ့သူတော့ မဆိုးဘူးပြောလို့ရတဲ့ထဲမှာပါတယ် ၆ထောင်/၇ထောင် ဝန်းကျင်ဆိုတော့လေ နိုကတော့ rate 6/10 ပေးပါတယ် 💕

#reviewbynoe #civiclotion #lotionreview
#crd

image
image
image
image