6 w - Translate

ခရီးသွားတဲ့ နေ့တွေမှာဆို ဒီလို Micella Cleansing Wipes တွေက တော်တော်လေး အဆင်ပြေတယ်။

သားဖြိုးက ခရီး ခနတိုင်း သွားနေရတဲ့သူဆိုတော့ ခရီးသွားရင် ခုလိုမျိုး Cleansing Wipes လေးတွေကို ယူသွားလေ့ရှိတယ်။

Cleansing Water ဗူးကြီးတွေ အလေးခံမသယ်တော့ဘူး။ Cleansing Water ဗူးကြီးတော့ ပါပြီး Cotton Pad ကျန်ခဲ့လို့ မလောင်ရတော့ဘူး။
နောက်ပြီး ဗူးတွေသယ်ရင် အပိတ်က ပွင့်ပြီး အိတ်ထဲမှာ အရည်တွေ မှောက်ကျတဲ့ ဂယက်မျိုး မကြုံရတော့ဘူး။

အရင်ကတော့ သားဖြိုး The Face Shop က Cleansing Wipes လေးတွေသုံးတယ်။

ခုသုံးနေတာကတော့ Magic of Beauty က Micellar Cleansing Wipes လေးတွေသုံးဖြစ်နေတယ်။

သူက Cleansing Wipes ကိုမှ အမျိုးအစား(၃)မျိုးထွက်ထားတယ်ထင်တယ်။
သားဖြိုးသုံးနေတာကတော့ All Skin Type သုံးလို့ရတဲ့ဟာလေး။ Green Tea Extract နဲ့ ထုတ်ထားတာမို့ သားဖြိုးက အဆီပြန်ပြီး ဝက်ခြံနဲ့ အဆီဖုထွက်တဲ့ အသားအရေပိုင်ရှင်ဖြစ်တာမို့ ရွေးချယ်ဖြစ်တာ။ Green Tea အနံ့လေးပါတယ်။

Cleansing Power အနေနဲ့လည်း အကောင်းကြီး မဟုတ်ပေမယ့် လက်ခံလို့ရတဲ့ အနေအထား။
Full Makeup ဆို အများဆုံး (၃)ရွက်နဲ့ အပျက်ပဲ။

Sunscreen & BB or CC Cream ဆို (၁)ရွက်နဲ့တင် အဆင်ပြေတယ်။

သူ့မှာ တစ်ထုတ်ကို အရွက် ၃၀ ပါတယ်။
နောက်ပြီး အဖွင့် အပိတ်က အဖုံးလေးနဲ့မို့ အရေတွေခြောက်မှာ စိမ့်ထွက်မှာ မစိုးရိမ်ရဘူး။

သားဖြိုး အတွက်ကတော့ သူ့ကိုသုံးရတာ တော်တော်လေး အဆင်ပြေနေတာမို့ Sharing လာလုပ်ပေးတာပါ။

Where to buy: Magic of Beauty

🫶🏼 ချစ်တဲ့စိတ်နဲ့ မျှဝေပေးတဲ့ Review လေးဖြစ်တာမို့ အချစ်တွေနဲ့ ဖတ်ပေးပါနော် ✌🏼

နောက် Blog မှာ ပြန်တွေ့ကျတာပေါ့…❤️

#magicofbeauty
#micellacleansingwipes
#honestreview
#treasurebytharphyoe
#crd

image