"ဖျောက်လို့မရတဲ့ ဗီဇ"
( သင်ခန်းစာပေး ပုံပြင် )

#ဗီဇဆိုတာ.. ဖျောက်ရခက်တယ်။

ကင်းမြီးကောက်တကောင်ဟာ
သူနေတဲ့ကျွန်းကလေးတခုကနေ
မြစ်တစ်ဖက်ကမ်းမှာရှိတဲ့
နောက်ကျွန်းတခုကို သွားချင်တယ်။
ဒါပေမဲ့
ကင်းမီးကောက်ဟာ
ရေမကူးတတ်လို့
မြစ်ကိုဖြတ်ဖို့ရာအခက်အခဲ
ဖြစ်နေတယ်။

မြစ်ကမ်းဘေးမှာလျှောက်သွားရင်း
ဒီမြစ်ကိုဘယ်လိုကူးရပါ့မလဲလို့
အကြံထုတ်နေတုန်း
ရုတ်တရက် မြစ်ရေစပ်မှာစိမ်နေတဲ့
ဖားတစ်ကောင်ကိုတွေ့လိုက်လို့
သွားစကားပြောတယ်။

"ကိုရွှေဖါးရေ ကျနော့်ကို ခင်ဗျားရဲ့ကျောပေါ်တင်ပြီး
ဟိုဖက်ကမ်းကိုပို့ပေးပါလား။
ကျေးဇူးမမေ့ပါဘူးဗျာ"

"ဟာဘယ်ဖြစ်မလဲ
မင်းကိုကျောပိုးသွားရင်းနဲ့
ငါ့ကိုမင်းရဲ့အဆိပ်ရှိတဲ့အစွယ်နဲ့ ထိုးလိုက်ရင်...
ငါရေနစ်သေသွားမှာပေါ့ "

ကင်းမြီးကောက်...

"ကိုရွှေဖါးရယ်...
ခင်ဗျားကို
ကျနော်အစွယ်နဲ့ထိုးပါ့မလားဗျာ။
ကျနော့်ကိုဟိုဖက်ကမ်းပို့ပေးတဲ့ ကျေးဇူးရှင်ကို
လုပ်ရက်ပါ့မလားဗျာ
နောက်ပြီး
ခင်ဗျားကိုအစွယ်နဲ့ထိုးလိုက်လို့
ခင်ဗျားရေနစ်ရင် ကျနော်လည်း
ရေနစ်သေမှာပဲလေ။
ကျနော်ရေမကူးတတ်ဖူးဆိုတာ
ခင်ဗျားသိပါတယ်ဗျာ

ဖားလည်းစဉ်းစားတယ်။
ကင်းမြီးကောက်ပြောတာလဲ
ဟုတ်သားပဲ။
သူ့ကိုယ်သူရေနစ်အသေခံပြီး
ငါ့ကိုအစွယ်နဲ့ထိုးစရာ
အကြောင်းမရှိဘူးလေ။
အဲဒီတော့
ဖားလည်း
ဟိုဖက်ကမ်းကိုပို့ပေးမယ်လို့
သဘောတူလိုက်တယ်။

ဒါနဲ့
ဖားဟာ ကင်းမြီးကောက်ကို
ကျောပေါ်တင်လို့
ရေစီးသန်တဲ့မြစ်မှာ သူ့ကိုယ်ကိုရေအပေါ် ပေါ်အောင်
ကြိုးစားပြီး မြစ်ကိုဖြတ်ကူးပါတော့တယ်။

မြစ်လယ်ရောက်တော့ ဖားဟာ
သူ့ကျောမှာစူးခနဲ
တချက်ခံစားလိုက်ရတယ်။
နောက်ကိုအသာလှည့်ကြည့်လိုက်တော့
ကင်းမြီးကောက်ဟာ အစွယ်ကို
သူ့ရဲ့နောက်ကျောကနေဆွဲနုတ်လိုက်တာတွေ့ရတယ်။

ဖားလည်း
နာကျင်ဝေဒနာခံစားရင်းပြောလိုက်တယ်။

"ဟာ..မင်း.ဘယ်လိုလုပ်လိုက်တာလဲ။
မင်းပဲ စောစောကပြောတယ်လေ။
ငါ့ကိုအစွယ်နဲ့မထိုးဘူးလို့။
အခု ငါ့မှာ အဆိပ်တက်နေပြီ။
ငါရေနစ်ပြီးသေရင်
မင်းလည်း..ရေနစ်သေမှာ မကြောက်ဖူးလား "

ကင်းမြီးကောက်က.. ဘာပြန်ပြောသလဲဆိုတော့

"ခင်ဗျားသေရင် ကျနော်လည်း
ရေနစ်သေမှာ သိပါတယ်။
ဒါပေမဲ့ တခြားသတ္တဝါတစ်ကောင်ကို တွေ့ရင်
အစွယ်နဲ့ထိုးတတ်တဲ့
ကျနော့်ရဲ့ဗီဇကို... ဖျောက်မရလို့ပါဗျာ"

နောက်ဆုံးတော့ ဖားရော ကင်းမြီးကောက်ရော
နှစ်ကောင်စလုံးဟာမြစ်ရေထဲ..
နစ်မြုပ်သေဆုံးသွားကြပါတော့တယ်။.......

ဒီပုံပြင်လေးဟာ
နိုင်ငံခြားမှာ အလွန်နာမည်ကြီးတဲ့ပုံပြင်လေးပါ။
ကလေးပုံပြင်မဟုတ်ပါဘူး။
လူတွေရဲ့အကျင့်စာရိတ္တနဲ့..ပတ်သက်တဲ့
လူကြီးတွေကို အသိပညာပေးတဲ့ ပုံပြင်ပါ။

သနားလို့ကူညီပေမဲ့လည်း
အဲဒီလို ဗီဇမဖျောက်နိုင်တဲ့...လူနဲ့တွေ့ရင်..
ကူညီသူပါ ဒုက္ခ ရောက်တတ်တယ်ဆိုတဲ့
သတိပေးသင်ခန်းစာလေးပါပဲ။

#crd_to_owner_with_respect
#moetmoet

image