Frankie shared a post  
6 w

6 w

🍺ဘီယာကိုခေါင်းလျှော်ရည်အဖြစ်အသုံးပြုခြင်းရဲ့အာနိသင်နှင့် အကျိုးကျေးဇူးများ

"မိမိဆံသား နဲ့ သောက်သုံးနေတဲ့ဘီယာရဲ့ အကျိုးတရားတွေက ဘယ်လို ဆက်စပ်နေလဲ?"

ဘီယာမှာ ဗီတာမင်များ၊ဓာတ်သတ္တုများနှင့်အခြားမရှိမဖြစ်လိုအပ်သောအာဟာရများပါဝင်ကာ ဆံသားကိုကြီးထွားစေဖို့ လိုအပ်သောဓာတ်သတ္တု silica အပြင် ဆံပင်အရှည်မြန်စေရန်အတွက်ကူညီပေးသော ကြေးနီ၊ဖော့စဖရပ်၊သံ၊မဂ္ဂနီစီယမ်နှင့်ဗီတာမင် B တို့ ပါဝင်နေပါတယ်။ maltose နှင့် sucrose သကြားဓာတ်တွေလဲပါဝင်တဲ့အတွက် ဆေးဆိုးထားသော ဆံသားကို အရောင်ပိုမိုတောက်ပစေဖို့လဲ ကူညီပေးပါသေးတယ်။

ဒါ့အပြင် ဆံပင်ကိုလေထုညစ်ညမ်းခြင်းနှင့်နေရောင်ခြည်တွင်ဖြစ်ပွားသောခရမ်းလွန်ရောင်ခြည်များမှကာကွယ်ပေးတဲ့အတွက် ဘီယာကို ဆံကေသာတောက်ပြောင်သန့်ရှင်းစေဖို့နဲ့ဆံသားမှေးမှိန်စေခြင်းကို ကာကွယ်ရန်အသုံးပြုသင့်ပါတယ်။ဘီယာတွင် အက်စစ်ဓာတ်ပါဝင်သောကြောင့် ဆံပင်အရင်းကနေအဖျားထိနက်ရှိုင်းစွာ သန့်စင်နိုင်ပြီး အဆီပြန်ခြင်းကင်းကာ ချောမွတ်သော ဦးရေပြားကို ပိုင်ဆိုင်ရရှိစေမှာပါ။သူ့မှာ ပါတဲ့ပရိုတင်းနှင့်ဗီတာမင်တွေက ဆံပင်မျှင်တမျှင်ခြင်းဆီကို ခိုင်မာစေပြီးအာဟာရပြည့်ဝစေကာ ပျက်စီးနေတဲ့ ဆံသားကိုပြန်လည်ပြုပြင်ပေးပါတယ်။

🍺သောက်သုံးနေကျ ဘီယာတခွက်နဲ့ ဘယ်လိုခေါင်းလျှော်ကြမလဲ ?

ခေါင်းလျှော်ရည်အဖြစ် သုံးစွဲရန် အရက်ပါဝင်မှုကိုလျှော့ချရန်အတွက် ဘီယာကို ၁၅ မိနစ်ခန့်အိုးထဲထည့်ပြီး ပထမဆုံး ဘီယာ အနည်းငယ်ကို ဆံသားထဲသေချာစွာ လိမ်းကျံပေးပါ။ ၅မိနစ်လောက်ထားပြီး ပထမဆုံးတထပ်ကို ဘီယာနဲ့ပဲ နှိပ်နယ်ပြီး လျှော်ချပေးပါ။ ဒုတိယမြောက်အထပ်ကိုတော့ shampoo နဲ့ ပုံမှန်လျော်သလိုပဲ လျှော်ချပေးရမှာပါ။

ဆံကေသာ ကျန်းမာလှပကျော့ရှင်းစေဖို့ ရည်ရွယ်ပြီး ဘီယာနှင့်ခေါင်းလျှော်ခြင်း၊ဘီယာတွင်ပါဝင်သော ပစ္စည်းများအကြောင်းကို တစေ့တစောင်းလေ့လာတင်ဆက်လိုက်ရပါတယ်။
ကဲ ..ဆံကေသာအတွက်ဘီယာရဲ့အကျိုးကျေးဇူးတွေကိုသိပြီးပြီဆိုတော့ အခုပဲ အသုံးပြုဖို့ တိုက်တွန်းလိုက်ပါရစေနော်။

#frankiestories
#littleworld

image