Frankie shared a post  
6 w

6 w

ဆံပင်ဆဲလ်တွေကိုဖွံဖြိုးစေတဲ့ ဗီတာမင် A ✌️

ဗီတာမင် A ကတော့ ဦးရေပြားဂလင်းတွေကနေ ဆီဘမ် (sebum) လို့ခေါ်တဲ့ အဆီဓာတ်တမျိုးကို ထုတ်လုပ်နိုင်ဖို့ အတွက် အထောက်အကူပြုတဲ့ ဓာတ်ဖြစ်ပါတယ်။

လူ့ခန္ဓာကိုယ်ရဲ့ ဆံပင်နဲ့ အတူ ဆဲလ်အားလုံးကြီးထွားဖွံ့ဖြိုးစေဖို့ ဗီတာမင် A ကို လိုအပ်ပါတယ်။

ဆီဘမ်(sebum)က ဦးရေပြားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပြီး ဆံပင်များကို သန်စွမ်းစေပါတယ်။ ဗီတာမင် A ချို့တဲ့ရင်လည်း ဆံပင်အကျွတ်များပါတယ်။

ဗီတာမင် A ကို နွားနို့၊ ဥအမျိုးမျိုးနဲ့ ဒိန်ချဉ် စတာတွေမှာ အများဆုံးပါဝင်နေတာ တွေ့နိုင်ပါတယ်။

ဗီတာမင် A အဖြစ်ပြောင်းလဲနိုင်မယ့် ဘီတာကရိုတင်းဓာတ်ကြွယ်ဝစွာပါရှိတဲ့ အသီးများအနေနဲ့ ကန်စွန်းဥ၊ မုန်လာဥနီ၊ ရွှေဖရုံသီး စတာတွေကို စားသုံးသင့်ပြီး ဗီတာမင်A ဓာတ်ကို ဖြည့်တင်းနိုင်ပါတယ်။

အခုလိုဆံပင်ဆဲလ်ဖွံဖြိုးစေတဲ့ ဗီတာမင် A ရဲ့ အသုံးဝင်ပုံကို Little World ရဲ့ ချစ်ရသူတွေသိရှိနားလည်စေဖို့ မှတ်သားမိသလောက် ရွေးချယ်လမ်းညွှန်ပေးလိုက်ရပါတယ်ခင်ဗျ။

#frankiestories
#littleworld

image