Frankie shared a post  
7 w

7 w

"လုပ်ငန်းခွင်ထဲကို စဝင်တော့မယ် ဆိုရင်...
The beginning of working life!"

သူကျတော့ ကံအရမ်းကောင်းတာပဲ ..
အလုပ်ရတာမြန်လိုက်တာ..
လူတွေက အလွယ်တကူ ပြောထွက်ကျပေမဲ့
အလုပ်ရခဲ့တဲ့ လူရဲ့ နောက်ကွယ်က
စိတ်ကိုပြင်ဆင်အားထုတ်ရမှုတွေကိုတော့ မမြင်နိုင်ကြပါဘူး။

ဘယ် အလုပ်မှ လွယ်လွယ်ကူကူနဲ့ ရှာဖွေတိုင်း
မရနိုင်ပါဘူး။
အလုပ်တခုကို လျှောက်တော့မယ်ဆိုရင်...

၁.ပြုံးပါ။

တွေဆုံမှုတွေမှာ စိတ်ထားက အလွန်အရေးပါပါတယ်။ဘယ်နေရာမျိုးမဆို အပြုံးနှင့်ဆက်ဆံခြင်းဟာ မိမိနှင့်နေထိုင်ရာပတ်ဝန်းကျင်အတွက် အောင်မြင်မှုနှင့် ဖြတ်သန်းရတဲ့ နေ့ရက်တွေမှာ မင်္ဂလာတရားပြည့်ဝမှုကို ပေးပါတယ်။

၂.ဝမ်းစာပြည့်ရမယ်။

မိမိလုပ်ကိုင်မယ့် အလုပ်လမ်းကြောင်းကို တမဟုတ်ခြင်းနားလည်နိုင်အောင် လေ့လာပြီး ထိုအလုပ်ကို စဝင်တော့မည်ဟု တွေးတော၍ ဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ အကောင်အထည်ဖော်ပါ။ အလုပ်မဝင်ခင်မှာ လုပ်ငန်းအတွက် လိုအပ်တဲ့အရာတွေကိုလေ့လာပါ။ဥပမာ-သင်တန်းတက်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

၃.မိမိအရည်အချင်း။

ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို ကိုယ်တိုင်က နားလည်သဘောပေါက်ရဖို့လဲ လိုအပ်ပါတယ်။ဒါမှသာ လိုအပ်တဲ့ အရည်အချင်းပြည့်ဝနေစေဖို့
ကိုယ်တိုင်ကရွေးချယ်တဲ့ စိတ်ဓာတ်စွမ်းအင် လမ်းကြောင်းနဲ့ အတူ မိမိလိုချင်တဲ့ဘဝကို ဖြောင့်တန်းစွာလျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

၄.အင်တာဗျူးဝင်မည်ဆိုလျှင်။

စိတ်တည်ငြိမ်စွာနှင့် အမှန်အတိုင်းဖြေဆိုပါ။
လုပ်ငန်းခွင်ထဲဝင်မယ်လို့ ဆုံးဖြတ်ထားတာနဲ့ မိမိသိရှိပြီးသား အလုပ်တာဝန်နှင့်အတူ လုပ်ဆောင်ရမယ့် အလုပ်တာဝန်တွေကို တိတိကျကျမသိနိုင်ရင်တောင် လေ့လာမှတ်သားမိသလောက် ရဲရဲဝင့်ဝင့်ဖြေဆိုပါ။

၅.သူများနဲ့မတူတဲ့ ပုံစံရှိပါ။

ဒီအချက်ကို နံပါတ် ၄ အချက်နှင့်တွဲမြင်လို့ရပေမယ့် ဘာကြောင့်ကို ထည့်ရလဲဆိုရင် ပိုအလေးထားစေချင်လို့ပါ။သူများနဲ့ မတူတဲ့ပုံစံရှိပါဆိုလို့ သူများနဲ့မတူအောင်နေတာမျိုးမဟုတ်ပဲ
တကိုယ်ရေသန့်ရှင်းမှု၊သပ်ရပ်ပြီး စေ့စပ်သေချာမှု၊လူစိမ်းတဦးနှင့်အပြင်အဆင်ထား၍ စကားပြောဆို ဆက်ဆံနိုင်မှုတွေအပြင် အပြောအဆို၊အနေအထိုင်၊အမူအယာ အားလုံးနှင့်တိုက်ရိုက်ပတ်သက်နေတယ်ဆိုတာ သိထားကြရမှာပါ။

လူတဦးနှင့် တဦးတွေ့ဆုံကြတဲ့အခါ အထက်ပါအကြောင်းအရာတို့အပေါ်မူတည်၍ ခွဲခြားတတ်တဲ့ သဘောရှိပါတယ်။

ဒါကြောင့် ၎င်းအချက်အလက်များကို လုပ်ဆောင်ခြင်းအားဖြင့် မိမိတို့လုပ်ငန်းခွင် ဝင်ရန်အတွက် အထောက်အကူပြုစေပြီး
အောင်မြင်သောအလုပ်သမားတစ်ဦး အဖြစ်လုပ်ငန်းခွင်မှာ စတင်ဝင်ရောက်နိုင်ဖို့ရာ ရည်ရွယ်လမ်းညွှန်လိုက်ရပါတော့တယ်။

#frankiestories
#littleworld

image