ဘယ်လောက်ပဲ ထက်မြက်နေပါစေဦး
နားထောင်ပေးတဲ့ နားတစ်စုံ ရှိနေမှ
ဘဝက သက်တောင့်သက်သာ ပိုရှိလာတယ်။

သိလား ဒီနေ့ ဒီမှာမိုးတွေ ရွာနေတယ်
ညနေ 7 နာရီမှ ဒီမှာ နေဝင်တယ်
ဘာတွေ ဖြစ်နေလဲ သိလား
စသဖြင့် နေ့တိုင်း ပြောစရာကို မကုန်နိုင်ဘူး။

ရီစရာ ဟာသတွေကိုလည်း
သူနဲ့ပြန်ပြောပြီး ရီနိုင်တယ်။

အဆင်မပြေတဲ့အကြောင်းအရာတွေကိုလည်း
သေးသေးလေးကအစ ဘယ်သူက မျက်လုံးနဲ့
ဘယ်လိုဝေ့လိုက်လဲ ဆိုတာအဆုံး
မျက်လုံးထဲ မြင်အောင် သေချာပြောပြတယ်။

သူကလည်း ကိုယ်ပြောတာတွေကို
သေချာ အာရုံစိုက်ပြီး
နားထောင်ပေးတယ်၊ အကြံဉာဏ်ပေးတယ်။

ဘဝမှာ နားထောင်ပေးတတ်တဲ့
နားတစ်စုံရှိနေတာ ကံကောင်းခြင်းပါပဲ။

💭 || 20.8.2024
#crd

image