7 w - Translate

ဂါဇာအလယ်ပိုင်းနှင့် တောင်ပိုင်းသို့ အစ္စရေး ထိုးစစ်ပြန်ဆင်
-----------------------
အစ္စရေးတင့်ကားတွေက ခန်းယွနစ္စမြို့ရဲ့ အနောက်ဘက်ကို တိုးလာတဲ့အတွက် ပါလက်စတိုင်းအရပ်သားတွေဟာ သူတို့အမိုးအကာတွေနဲ့ ရွက်ဖျင်တဲတွေကနေ ထွက်ပြေးခဲ့ရပါတယ်။ တင့်ကားတွေနဲ့ ဒရုန်းတွေကြောင့် ရွက်ဖျင် တဲတွေ ပြင်းထန်စွာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးရတဲ့ မိသားစုတချို့ဟာ လမ်းတွေပေါ်မှာ အိပ်ကြရပြီး နေရာလွတ် ဒါမှမဟုတ် အမိုး အကာ မရသူတွေက ကမ်းခြေမှာ အိပ်ကြရတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ကျည်ဆန်တွေ ဒရုန်းတွေရဲ့ ပစ်ခတ်မှုတွေအောက်မှာ အချိန် ကုန်နေရပြီး နယ်မြေတစ်ခုကနေ တစ်ခု ရွှေ့ပြောင်းနေရပေမယ့် စေ့စပ်ညှိနှိုင်းမှုက အကျိုးသက်ရောက်တာမတွေ့ ရဘူးလို့ ရွှေ့ပြောင်းနေထိုင် သူ ဂါဇါဒေသခံတွေက ပြောဆိုကြပါတယ်။

ဒေသခံ ၁ သန်းလောက်နဲ့ အိုးအိမ်မဲ့တွေ နေထိုင်ကြတဲ့ ဂါဇာကမ်း မြောင် အလယ်ပိုင်းမှာ အစ္စရေးတင့်ကားတွေက အရှေ့ဘက်နဲ့ တောင်ဘက်ကနေ ပိုမိုတိုးမြင့်ရောက်ရှိလာပြီး ခန်းယွန်းနစ္စနဲ့ ဆက်သွယ်ထားတဲ့ လမ်းတချို့ကို ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂါဇာကမ်း မြောင်ဒေသက လူဦးရေ ၂ ဒသမ ၃ သန်းမှာ အများစုဟာ စစ်ပွဲစတင်ကတည်းက အိုးအိမ်မဲ့ဖြစ်နေရ တာပါ။ လုံခြုံတဲ့ဇုန်လို့ အစ္စရေးသတ်မှတ်ထားတဲ့ နယ်မြေတွေမှာတောင် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့်ပဲ ထိခိုက် သေဆုံးမှုသတင်းတွေ ပုံမှန်ထွက်ပေါ်နေတယ်လို့ သိရပါတယ်။

image