7 w - Translate

Honest Hour ရဲ့ ဒီတခေါက် 11:11 Bistro မှာပြုလုပ်သွားမယ့် Healing Session လေးကတော့ Art Therapy Session လေးပဲဖြစ်ပါတယ်။

Art Therapy လုပ်တာက ရုပ်ပိုင်းရော၊ စိတ်ပိုင်းမှာပါ ဘယ်လိုအကျိုးကျေးဇူးတွေရှိနိုင်လဲဆိုတော့
🎨 မိမိကိုယ်ကို တန်ဖိုးထားမှုမြင့်တတ်ဖို့ ကူညီပေးပြီး ကိုယ့်ကိုယ်ကို ပိုသိရှိနားလည်လာမယ်
🎨 ပုံဆွဲခြင်းနှင့် ဆေးရောင်ခြယ်လိုက်ခြင်းကနေတစ်ဆင့် စိတ်ကျရောဂါနှင့် စိုးရိမ်ပူပန်မှုလက္ခဏာများကို ခံစားသိရှိနိုင်ပြီး ကုစားနိုင်မယ်
🎨 ရောယှက်ရှုပ်ထွေး‌နေသော စိတ်ခံစားမှုကို ရှာဖွေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမှု ပိုမိုမြင့်မားလာမယ်
🎨 ပုံဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပန်းချီဆွဲခြင်း စကားလုံးတွေနဲ့ရင်ဖွင့်တဲ့အခါ ပြောပြဖို့ခက်ခဲတဲ့ နာကျင်မှု‌တွေ ဒါမှမဟုတ် ခက်ခဲသောခံစားချက်တွေကို ကိုယ့်ကိုယ်ကို balance ဖြစ်အောင် ချိန်ညှိတဲ့အခါမှာလည်း ကူညီပေးနိုင်ပါတယ်နော်...
Art Therapy Class ကို ဆောင်ရွက်ပေးမဲ့ Counsellor အပြင်၊ ပါဝင်သူအချင်းချင်းစီက အားပေးနှစ်သိမ့်မှုတွေနဲ့အတူ သင်တစ်ယောက်တည်းမဟုတ်ဘူး ဆိုတဲ့ခံစားမှုကိုလည်း ရရှိမှာဖြစ်ပါတယ်။
Art Therapy ဆိုတာ ကိုယ့်ရဲ့စိတ်ကို ဖွင့်ထုတ်ပြီး အနုပညာကနေတစ်ဆင့် စီးမျောပေးလိုက်ဖို့ပဲဖြစ်တဲ့အတွက် ပန်းချီဆွဲတတ်ဖို့ လုံးဝ လုံးဝ မလိုအပ်ပါဘူးနော်။ ပုံတွေကလှနေဖို့မဟုတ် ရေးဆွဲလိုက်တဲ့ စုတ်ချက်တိုင်းမှာ နာကျင်စရာ စိတ်ဖိစီးမှုတွေ ပါသွားဖို့ပဲ လိုအပ်တာပါ...
..... ဒါကြောင့် စိတ်သောက ဖိစီးနေတဲ့ ကိုယ်ပေါ်က အပူရုပ်ကြီးကို ဆေးချက်တွေနဲ့အတူ စာရွက်ပေါ်သို့ ခွာထုတ်လိုက်ပါ .....

Date : 24th August 2024 (Saturday)
Session : Art Therapy
Time-100-11:30AM
Fees : 25,000 MMK(Breakfast included)

Honest Hour ရဲ့ Weekend Morning sessions လေးတွေကို စိတ်ဝင်စားလို့ အသေးစိတ်သိရှိလိုပါက Page ChatBox မှာ ဖြစ်စေ၊ 09792824522 ကို ဆက်သွယ်ပြီးဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်💁🏻‍♀️
#honesthour
#wellbeing_services
#emotional_support
#selfcare #selfhealing
#weekend_morning_sessions

image