7 w - Translate

စီးပွားရေးလုပ်ငန်းတိုင်းမှာ ကြုံတွေ့ရနိုင်တဲ့ ထိခိုက်ဆုံးရှုံးနိုင်ခြေတွေကို ကြိုတင်ပြင်ဆင်နိုင်၊ စီမံခန့်ခွဲနိုင်ပါပြီလား။
📢 မဖြစ်မနေကျွမ်းကျင်ရမဲ့ ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု (Risk Management) ပညာရပ်အကြောင်းကို အသေးစား၊အငယ်စားနဲ့အလတ်စား စီးပွားရေးလုပ်ငန်း (MSME) တွေနဲ့ စိတ်ဝင်စားသူတွေအားလုံးအတွက် အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပေးသွားတော့မှာဖြစ်ကြောင်း သတင်းကောင်းကို ကြေညာပါရစေ။
….
အွန်လိုင်းဆွေးနွေးပွဲ အသေးစိတ်
နေ့ရက် - ၂၀၂၄ သြဂုတ်လ ၃၁ ရက် (စနေနေ့)
အချိန် - နံနက် ၉ နာရီခွဲ မှ နေ့လယ် ၁၂ နာရီ
….
အချိန် (၂) နာရီခန့်ကြာမြင့်မဲ့ ဒီအွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲမှာ
➢ MSME လုပ်ငန်းများ ကြုံတွေ့နေရသော စိန်ခေါ်မှုများ၊
➢ MSME လုပ်ငန်းများ ရင်ဆိုင်ကြုံတွေရလေ့ရှိသော ထိခိုက်ဆုံးရှုံးနိုင်ခြေ (Risks) များ၊
➢ ထိခိုက်ဆုံးရှုံးနိုင်ခြေများ (risks) ကို အကဲဖြတ်ခြင်း၊
➢ ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ပါးရေး ဗျုဟာများ
➢ လုပ်ငန်းဆက်လက်လည်ပတ်ရန် ပြင်ဆင်ခြင်း
➢ ISO 31000 ၏ Risk management ဆိုင်ရာ လမ်းညွန်ချက်ဖြင့် မိတ်ဆက်ခြင်း စတာတွေ ပါဝင်မှာဖြစ်ပါတယ်။
….
“ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု (Risk Management) သင်တန်း” ကို eLearning Portal of MSMEs မှာ ပို့ချပေးလျက်ရှိတဲ့ ဆရာမစိမ်းဝတ်ရည်က ဆွေးနွေးဝေမျှပေးသွားမှာဖြစ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စီမံခန့်ခွဲမှုတာဝန်ရှိသူတွေနဲ့ စိတ်ဝင်စားသူအားလုံးအတွက် Risk Management ကို ထဲထဲဝင်ဝင်လေ့လာသိရှိနိုင်မဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။
“ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု (Risk Management) အွန်လိုင်းသင်တန်း” ကို ကြိုတက်ထားချင်ရင်တော့ အောက်ကလင့်ခ်ကတစ်ဆင့် အခမဲ့တက်ရောက်နိုင်ပြီး Final test ဖြေဆိုအောင်မြင်ရင် UNDP ကပေးတဲ့ သင်တန်းပြီးဆုံးကြောင်းလက်မှတ်ကိုလည်း ရရှိမှာဖြစ်ပါတယ်။
https://msmelearning.mm.undp.o....rg/course/preview/66
https://www.facebook.com/photo..../?fbid=4232737707022
….
ထိခိုက်ဆုံးရှုံးနိုင်ခြေတွေကို အကောင်းဆုံးစီမံခန့်ခွဲနိုင်ဖို့ ဆွေးနွေးပွဲကို တက်ရောက်ဖို့ အခုပဲ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
စာရင်းပေးသွင်းရန် - (https://shorturl.at/BXSxp)
[တက်ရောက်ရမည့် Zoom meeting လင့်ခ်ကို စာရင်းပေးသွင်းထားသော လူကြီးမင်း၏ အီးမေးလ်သို့ ပေးပို့သွားမည်ဖြစ်ပါသည်။]

image