7 w - Translate

.

☯️

God does not play dice.

အိုင်စတိုင်းရဲ့အလွန်ကျော်ကြားတဲ့ စကားရပ်ပါ၊
အဓိပ္ပါယ်က အံစာတုန်းကိုပစ်လိုက်ရင် ကျချင်သလို ကျတာမျိုးမဟုတ်ပဲ၊ လောနိယာမ၊ သဘာဝနိယာမနဲ့ ဥပဒေသများ ရှိထားပြီး၊ အတိအကျလိုက်နာဖြစ်ကြရတာကို ဆိုလိုချင်တာပါ၊

ဗုဒ္ဓဘာသာရဲ့ ကံ-ကံ​၏အကျိုး၊ ကမ္မနိယာမ လိုမျိုးဖြစ်ပါတယ်၊

ဆုတ်ခေတ်ဖြစ်နေလို့ ကမ္ဘာကြီးမှာရော မြန်မာမှာပါ အနိဋ္ဌာရုံတွေနဲ့ ရင်ဆိုင်နေကြရတာ လက်တွေ့ပါပဲ၊ မြန်မာမှာ နက္ခတ်ပညာရှင် အတော်များများ သတိပေး ဟောချက်တွေတင်ထားတာ တွေ့လိုက်ရတယ်၊

ပြင်းထန်တဲ့ အဆိုးတွေကို "လ" ပေါင်းများစွာ ဖြတ်သန်းကြရပါလိမ့်ဦးမယ်၊ ဒါကြောင့် ဘုရား တရားမြဲပြီး ကုသိုလ်များများလုပ်ကြစေချင်တယ်၊ အကုသိုလ်ကြီးသူတွေ လာမဲ့ဖြစ်ရပ်တွေမှာ
လောကနိယာမအရ... အကျိုးပေးတွေကို ခံစားကြရလိမ့်မှာဖြစ်လို့ ကိုယ်ပါမသွားအောင် ကုသိုလ်များများ စုထားနိုင်ကြဖို့လိုပါလိမ့်မယ်။


BaMg ☯️

.
https://t.me/nayzinlatt2023/6235

image