7 w - Translate

နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့
၁၃၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်
၀၉-၁၂-၂၀၂၀

မြန်မာပြည်ရဲ့ အမျိုးသားနေ့က ခုမှ နှစ်တစ်ရာ ပြည့်တာဖြစ်ပေမယ့် မြန်မာအမျိုးသားစိတ်ကတော့ အနှစ် ရာချီရှိခဲ့နိုင်တယ်လို့ သမိုင်းပညာရှင်တွေက သုံးသပ်ပါတယ်။

နောက် မြန်မာပြည်မှာ အမျိုးသားနေ့ရဲ့ အခန်းကဏ္ဍဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျဆင်းလာပေမယ့် အမျိုးသားရေးစိတ်တွေကတော့ မြန်မာတပြည်လုံးမှာ ရှိနေဆဲပါ။

အမျိုးသားအောင်ပွဲနေ့လို့ အစဉ်အလာ ခေါ်ဝေါ်ခဲ့တဲ့ ဒီနေ့ဟာ ပထမကျောင်းသားသပိတ်ကို အစွဲပြုပြီး ပေါ်လာတဲ့နေ့ဖြစ်ပြီး ဒီသပိတ်ကနေ အမျိုးသားကျောင်းနဲ့ ကောလိပ်ကို မွေးဖွားပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီလို သပိတ်ကို အစွဲပြု ပေါ်လာပေမယ့် မြန်မာတွေရဲ့ ခေတ်သစ် အမျိုးသားစိတ်ဓာတ် နိုးကြားမှုကတော့ သီပေါမင်း ပါတော်မူပြီးနောက် တစ်စတစ်စ ကြီးထွားလာခဲ့တယ်လို့ ဒေါက်တာသန်းထွန်းနဲ့ ဒေါက်တာတိုးလှ စတဲ့ မြန်မာသမိုင်းပညာရှင်တွေက ရေးသားခဲ့ပါတယ်။
Crd

image