7 w - Translate

၁၅ ပဲရည် ထိုင်းရွှေနဲ့ ၁၅ ပဲရည် မြန်မာရွှေ ဘာကွာလဲ..

ထိုင်းရွှေနဲ့ မြန်မာရွှေ ဘာကွာလဲ မေးကြလို့ပါ.. အခေါက်မီးလင်းမှာတော့ 9.99 ချင်း အတူတူမို့ ရွှေချင်းအတူတူပါပဲ...

ဒါပေမယ့် ၁၄/၁၅ ပဲရည်မှာတော့... မြန်မာရွှေက ကြေးနီအစင်အသန့်ကို ရောတယ်... ထိုင်းရွှေက ကြေးဝါအစင်အသန့်ကို ရောတယ်... အဲ့လိုတွေရောပြီးမှ ၁၄ ပဲရည် ၁၅ ပဲရည်မျိုးတွေ လုပ်ကြတာကြောင့်... မြန်မာရွှေက ငန်(နီ)ပြီး ထိုင်းရွှေက ဖန်(ဝါ)ပါတယ်... အခေါက်မဟုတ်တဲ့ အဲ့ရွှေနှစ်မျိုးကို တိုက်ရိုက်ရောပြီး ကျိုလိုက်ရင် အထည်လုပ်လို့မရတော့ဘူး... ရွှေတွေ နန်းတုံးထုချိန်မှာ အက်ရာကွဲရာပေါ်လာတယ်... ထိုင်းရွှေပဲရည်စပ်ပြီးသားကို ပြန်သန့်စင်ပြီးတဲ့အခါ တခါတရံမှာတောင် ကြေးနီအစင်အသန့်နဲ့ရောရင် ဆတ်ပြီး အထည်လုပ်လို့ အဆင်မပြေတာ တွေ့ကြုံဖူးပါတယ်...

အခေါက်မဟုတ်တဲ့ ၁၅ ပဲ ၁၄ ပဲရည်အထည်တွေကို ပြန်ရောင်းမယ်ဆိုရင် ကိုယ့်နိုင်ငံမှာသာ စျေးတန်းအမှန်ရပြီး... အခေါက်မဟုတ်တဲ့ ထိုင်းရွှေ ပဲရည်တွေကို မြန်မာမှာရောင်းရင် စျေးနှိမ်သလို... မြန်မာရွှေ ပဲရည်တွေကိုလည်း ထိုင်းမှာရောင်းရင် စျေးနှိမ်ခံရပါတယ်ဗျာ...

အလျော့တွက်ကတော့ ၁၄/၁၅ ပဲရည် အထည်ကို ထိုင်းမှာ ဝယ်ရင်လဲ မြန်မာပြည်မှာလိုပဲ ဝယ်သူက ပေးရပါတယ်။ (ကိုတိုး)

#ထိုင်းရွှေ
#မြန်မာ‌ရွှေ
crd

image