7 w - Translate

#ဦးလေးက မှန်မှန်ကန်ကန်ပဲ ရိုးသားစွာနဲ့ငါးပိရည်ကိုရောင်းတယ်။ ၂ လုံး ၃ လုံး လောင်းကစားအရက်ဘီယာအဲဒါတွေတစ်ခုမှမလုပ်ဘူး။ ဒီငါးပိရည်လုပ်ငန်းကိုပဲ တိုးချဲ့ပြီးတော့လုပ်ချင်တယ်။ သေချာလေးကြိုချက်ပါတယ်၊ အရိုးတွေကိုသေချာလေးစစ်ပြီးတော့ ငါးကိုဆီသပ်ပြီးပြန်ချက်တာပါ။ ငရုပ်သီးကိုလည်းသေချာလေးအညှာကအစချွေပြီးသေချာလေးခွဲခြမ်းစိပ်ဖြာပြီးထည့်ပါတယ်။ မနက်ကတည်းကစပြီးချက်တယ်ဆိုရင် ၂ နာရီထိုးလောက်မှာ အကုန်လုံးပြီးတာလေ။ စရောင်းတုန်းကတော့တနိုင်တပိုင်လေးပေါ့။ အခုနောက်ပိုင်းအွန်လိုင်းကနေ လူသိများလာပြီးအလုပ်သမားတွေနဲ့ပိုလုပ်ရတာပေါ့။ ကိုယ်က သဘာဝကျကျနဲ့မှန်မှန်ကန်ကန်ပဲလုပ်ပါတယ်။ ကိုယ်တိုင်လည်း ငါးပိရည်နဲ့နေ့တိုင်းစားတယ် ဘာပြဿနာမှမရှိဘူး ဘာအန္တရာယ်မှလည်းမရှိပါဘူး'' >> ဦးမှန်ကြီး
#ဦးမှန်ကြီးငပိရည်
စားသုံးသူတွေနှစ်သက်ပြီး အရသာလည်းရှိတဲ့ ဦးမှန်ကြီး မြန်မာ့ရိုးရာငါးပိရည်ကြိုနဲ့ ငါးငပိချက်ဆိုင်ကိုတော့ မြန်မာ့ဂုဏ်ရည်လမ်းနဲ့ ၉၁ လမ်းထိပ် မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။
Crd

image