mya ma shared a post  
7 w

7 w

🎹သင်က တေးရေး ဝါသနာရှင်လား❓

ဒါဆိုရင်တော့ တေးရေးဝါသနာရှင်တွေကို မြေတောင်မြှောက်ပေးမဲ့ အခွင့်အရေးကြီး လာပါပြီ .......🎶🎵

တေးရေးဝါသနာရှင်တွေအနေနဲ့ ဆုငွေ ၁၀ သိန်း ကျပ်အထိ ခံစားခွင့်ရရှိနိုင်ဖို့အတွက် လုပ်ဆောင်ရမဲ့ အချက်လေးတွေကတော့ 👇👇👇

g&g ကိုယ်ပိုင်သံစဥ် တေးရေးပြိုင်ပွဲ မှာ ပါဝင်ဖို့ ဘယ်အချက်တွေနဲ့ ကိုက်ညီရမလဲ ...

- သီချင်းသည် စက္ကန့်(၃၀)မှ (၆၀)အတွင်းဖြစ်ရပါမည်။
- ပြိုင်ပွဲဝင် ကိုယ်တိုင်ရေးသားထားသော ကိုယ်ပိုင်သံစဉ် သီချင်းဖြစ်ရမည် ဖြစ်ပြီး တခြားသောပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်ထားသော သီချင်းစာသားများ မဖြစ်ရပါ။
- ပြိုင်ပွဲဝင်မည့် သီချင်း၏ စာသား၊ သံစဥ် Note တို့ နှင့် အတူ သီချင်းကို MP3 Format ဖြင့် ပေးပို့ရပါမည်။
- သီချင်းရေးစပ်ရာတွင် မိမိ အားသန်ရာ၊ ကြိုက်နှစ်သက်ရာ ဂီတအမျိုးအစားနှင့် ယှဥ်ပြိုင်နိုင်ပါသည်။
- သီချင်းရေးစပ်ရာတွင် g&g နှင့် မသက်ဆိုင်သောအကြောင်းအရာများနင့် မလျှော်ညီသော စာသားများ မဖြစ်ရပါ။
- ပြိုင်ပွဲဝင် သီချင်း နဲ့ အတူ စာလုံးရေ ၁၅၀ ထက်မပိုသော သီချင်း၏ ဆိုလိုရင်းအဓိပ္ပာယ်ကိုပါ ပူးတွဲပေးပို့ရမည်ဖြစ်ပါသည်။
- ပြိုင်ပွဲဝင် သီချင်းနှင့် သံစဉ် ကို ပြိုင်ပွဲဝင်ကိုယ်တိုင်ရေးသား တီးခတ် ထားသည်မှာ မှန်ကန်ကြောင်း ပြိုင်ပွဲဝင် (သို့မဟုတ်) အသက် ၁၈ နှစ်အောက် ပြိုင်ပွဲဝင် အတွက် အုပ်ထိန်းသူတစ်ဦးက ကိုယ်တိုင် လက်မှတ်ရေးထိုးပေးရပါမည်။

အထက်ပါ အချက်အလက်များနှင့် အတူ ပြိုင်ပွဲဝင်၏ အမည်၊ အသက်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ မှတ်ပုံတင် နံပါတ် တို့ကို G&G Convenience Store Myanmar Facebook Messenger မှ သော်လည်းကောင်း၊ Email : digital.marketing@thecapitalretail.com သို့လည်း ပေးပို့၍ ပါဝင်ယှဥ်ပြိုင်နိုင်ပါသည်။

ပြိုင်ပွဲဝင် သီချင်းများကို စက်တင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ပေးပို့ နိုင်မှာ ဖြစ်ပါတယ်..

ဒီ post ကို share တဲ့သူတွေထဲကလဲ ၁၂ ယောက်ကို ၁၂၀၀၀ ကျပ်တန်စျေးဝယ်ခွင့်ကတ်တွေ မဲဖောက်ပေးဦးမှာမို့ ဒီ post လေးကို မိတ်ဆွေ သူငယ်ချင်းတွေအတွက် အခွင့်အရေး လက်မလွတ်ရအောင် share ပေးလိုက်ဦးနော် 😊

ကဲ.. ကိုယ့်ရဲ့ ငုပ်လျှိုးနေတဲ့ အနုပညာ အစွမ်းအစတွေကို အားလုံးသိအောင် ဖော်ထုတ်ပြသခွင့်ရမယ့် အကောင်းဆုံး အခွင့်အရေးဖြစ်လို့ လက်လွတ်မသွားရအောင် ဝင်ရောက်ယှဥ်ပြိုင်ဖို့ ဖိတ်ခေါ် လိုက်ပါတယ်။💪

#၁၂နှစ်မှသည်နှစ်၁၂၀ဆီသို့???
#ပြီးပြည့်စုံတဲ့နေ့ရက်တိုင်းအတွက်gngကိုချစ်တယ်??❤️
#welovegandg??❤️

image
image
image
image