စွန့်စားမှုတွေလုပ်တော့မယ်ဆိုရင်
ပြင်ဆငိမှုတွေဆိုတာလိုတယ်

လုပ်ငန်းအသစ်တစ်ခုစဖို့
လုပ်နေတဲ့ အလုပ်ကနေ လုံးဝမတူတဲ့
နောက်အသစ်တစ်ခုအစကနေစဖို့ဆိုတာ
နဲနဲနောနော ကိစ္စမဟုတ်ဘူး

ကျနော်ဘဝမှာအဲ့ ၂ ခုလုံးကိုလုပ်ရဲ့ဖို့
Technique တစ်ခုသုံးရတယ်

Mental Safety List လို့ခေါ်တယ်
ကြိုးတန်းလမ်းလျှောက်တဲ့လူတွေ ပြုတ်ကျရင်
မသေအောင် အောက်က စကာကွက် ပိုက်ခွန်ထားသလို

ကျနော်မှာလဲ ဒါသာအလုပ်မဖြစ်ခဲ့ရင်
ဘာလုပ်လို့ရတယ်ဆိုတာ စဉ်းစားထားတယ်
- ငါသွားလျှောက်မယ့် company တွေ list လုပ်ထားတယ်
- တစ်လလောက်ကပ်နေလို့ရမယ့် ဘော်ဒါသုံးယောက် တစ်လှည်စီနေရင် total ၆ လလောက်နေစရာရမယ်
- ငါညတွေတော်ရိုံမအိပ်ဘူး security လုပ်လို့ရတယ်
- ငါဆီချက်ခေါက်ဆွဲရောင်းလို့ရတယ်
- ငါကားမောင်းတတ်တယ်
- ဆိုက်ကားလဲနင်းတတ်တယ်
- စက်ဘီးနင်းတတ်တော့ delivery ပို့လို့ရတယ်
- body ကသန်သန်မာမာ ကုန်ထမ်းလို့ရတယ်
- နောက်ဆုံး သီချင်းဆိုတတ်တယ် တောင်းစားလို့ရတယ်

စသည်ဖြင့် အဆင်အပြေဆုံးအခြေအနေကနေ
အဆိုးဆုံးထိ အကုန်စဉ်းစားထားတယ်

အဲ့ mental safety ရပြီဆိုတာနဲ့ ချက်ချင်း
ကိုယ်ယူရမယ့် risk တွေကိုစယူတယ်

ကံကောင်းစွာနဲ့ ဒီနေ့ထိ အဲ့ list ထဲက
အရာတွေလုပ်ရလောက်တဲ့ထိ မဆိုးပဲ

ကောင်းတာတွေဖြစ်လာတယ်

အရေးကြီးတာ ကြောက်ပြီးမလုပ်ပဲ
ဒီတိုငိးနေနေရင်း အချိန်ကုန်မသွားဖို့ပဲ

Develop your mental safety list
And start taking risk 🚀

@thelapyae

#mental #strong #thelapyae #mindset #myanmar #crd

image