7 w - Translate

မျောက်ကျောက်ရောဂါကို ထိန်းချုပ်နည်းသိ၍ ကိုဗစ်လိုမဟုတ်ကြောင်း WHO ပြော
---------------------
မျောက်ကျောက်ရောဂါ ခေါ် mpox ဟာ အသစ်ဖြစ်စေ အဟောင်းဖြစ်စေ သူ့ရဲ့ပျံ့နှံ့မှုကို ထိန်းချုပ်နည်း သိတဲ့ အတွက် ကိုဗစ်ရောဂါအသစ်တော့ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောဆို လိုက်ပါတယ်။ mpox ကို အတူတကွကိုင်တွယ်ဖြေရှင်းနိုင်ရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ဥရောပ ဒါရိုက်တာ ဟန်စ်ကလပ်ဂျ်က သြဂုတ် ၂၀ ရက်မှာ ပြောခဲ့တာပါ။

Mpox ကို ထိန်းချုပ်ပြီး ကမ္ဘာနဲ့အဝှမ်း ချေမှုန်း ပစ်ဖို့ စနစ်တွေ ချထားမှာလား၊ ဒါမှမဟုတ် ထိတ်လန့်ပြီး လျစ်လျူ ရှုခြင်းရဲ့ နောက်ထပ်သံသရာကို ရောက်သွားမှာ လားလို့လည်း သူက မေးခွန်းထုတ်ခဲ့ပါတယ်။ အခုနဲ့နောင်လာ မယ့် နှစ်တွေမှာ ဥရောပနဲ့ ကမ္ဘာအတွက်ပါ အရေးကြီးတဲ့ စမ်းသပ်မှုတစ်ခု သက်သေပြသွားမယ်လို့လည်း ပြော ပါတယ်။ ပြည်တည်နာတွေနဲ့ တုပ်ကွေးလို လက္ခဏာတွေပြတဲ့ ဗိုင်းရပ်စ်ပိုးကူးစက်မှုဖြစ်တဲ့ Mpox ဟာ များသော အားဖြင့် ရောဂါပျော့ပြောင်းပေမယ့် သေနိုင်ပါတယ်။

Clade 1 အမျိုးအစား mpox ဟာ ပုံမှန်အနီးကပ်ထိတွေ့မှုနဲ့ ပိုမိုလွယ်ကူစွာ ပျံ့နှံ့သွားပုံပေါ်လို့ တစ်ကမ္ဘာလုံး စိုးရိမ်ခဲ့ပါတယ်။ ဆွီဒင်မှာ မျိုးကွဲတစ်မျိုးကို ပြီးခဲ့တဲ့အပတ်က အတည်ပြုခဲ့ပြီး အာဖရိကမှာ တိုးပွားလာနေတဲ့ ရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်နေပါတယ်။ Clade 2 အမျိုးအစား mpox ပိုး ကူးစက်မှုအသစ် ၁၀၀ လောက်ဟာလည်း အခုအခါ ဥရောပဒေသမှာ လစဉ်တွေ့ရှိကြောင်း အစီရင်ခံကြတယ်လို့လည်း ကလပ်ဂျ်က ပြောပါတယ်။

crd

image