Information တွေကို သူများထက်
မြန်မြန်ရှာနိုင်တာကလဲ skill ပဲ

Google မှာရှာလို့ပြောကြပေမယ့်
သေချာမရှာတတ်တဲ့သူတွေကပေါတယ်

Google ကို pro ဆန်ဆန်ရှာချင်ရင်
ဒီ နည်း ၅ ခုကိုသုံးလို့ရတယ်

၁. " " သုံးပါ

ကိုယ်ရှာချင်တဲ့စာ အတိအကျအတိုင်း
အဖြေထွက်လာဖို့ဆိုရင် ကိုယ်ရှာချင်တဲ့
စာကို " " ထဲမှာထည့်ပြီးရှာပါ

ဥပမာ - "MoonBase community”

၂. site: သုံးပါ

Website ထဲမှာရှိတဲ့ page တွေ
information တွေကိုရှာချင်ရင် website ရဲ့ရှေ့မှာ
site: လို့ထည့်ပြီးရှာပါ။ ဒီ website မှာတော့ဖတ်လိုက်တယ် ဒါပေမယ့် ပြန်ရှာရင်မတွေ့ဘူးဆိုတဲ့အချိန်တွေမှာ အသုံးဝင်တယ်

ဥပမာ - ai အကြောင်းကို tech crunch မှာဖတ်ဖူးတယ်ဆိုပါစို့ ပြန်ရှာမယ်ဆိုရင်

site:techcrunch.com ai လို့ရိုက်ထည့်ရှာလို့ရတယ်

၃. - နဲ့ဖြုတ်

ကိုယ်ရှာတဲ့အထဲမှာ မပါစေချင်တဲ့ အရာတွေကိုဆိုရင်
- ခံပြီးတော့ရေးလို့ရတယ်။ နာမည်တူနေတဲ့သူတို့ အကြောင်းအရာတူတို့ဆိုရင် ကိုယ်လိုချင်တာကိုပဲ
ရွေးပြခိုင်းလို့ရတယ်

ဥပမာ - ကိုယ်က Tesla လိုရှာမယ်
ကိုယ်ရှာချင်တာက ကားမဟုတ်ဘူး
Tesla ဆိုတဲ့လူကဘာထွင်လဲရှာချင်တာဆိုရင်

What tesla invent? -car

၄. filetype: နဲ့ရှာ

ကိုယ်ရှာချင်တဲ့ file အမျိုးအစားနဲ့
သီးသန့်ရှာလို့ရတယ်အထူးသဖြင့် စာအုပ်တွေ
ရှာရင် အသုံးဝင်တယ်

ဥပမာ - start with why ဆိုတဲ့ pdf file ကို
ရှာချင်တယ်ဆိုရင်

Start with why filetypedf လို့ရှာလို့ရတယ်

၅. * သုံးပြီးရှာ

တစ်ခါတစ်ခါ ကိုယ်ရှာချင်တာကို အပြည့်အစုံ
မသိတော့တဲ့အခါတွေရှိတယ်။ စာအုပ်နာမည်တို့
သီချင်းနာမယ်တို့လိုပေါ့။ အဲ့အခါမှာ ကိုယ်မသိတဲ့
စာလုံး မေ့နေတဲ့စာလုံးကို * ထည့်ပြီးရှာလို့ရတယ်

ဥပမာ - ကိုယ်ရှာချင်တာက the psychology of money ကိုယ်က psychology ကိုမေ့နေတယ်ဆိုပါစို့

The * of money လို့ရှာလိုက်ရင်ရပြီဗျ 🫰🏻

Enjoy your google search 🙌🏻

thelapyae
#crd

image