ပဋိမာအနုပညာရဲ့ သဘော ၁

ဦးစဝ်ထွန်းမှတ်ဝင်းရဲ့ မုဒြာစာအုပ်လို စာအုပ်မျိုးမှာ မုဒြာဖော်ပြချက်တွေထဲ ဘာရသမြောက်တယ်ဆိုတာ ထည့်ရေးထားတတ်တယ်။ ဥပမာ သမာဟိတမုဒြာဟာ သန္တရသမြောက်တယ်။ ဒီသဘောတရားကို ဖတ်သူတွေ လျစ်လျူရှုမိတတ်တယ်။ တကယ်က ပဋိမာအနုပညာတွေထဲ ရသသဘောတရားကို ဌာပနာပြီး ငုံထားတာဖြစ်ပါတယ်။

ရသသဘောတရားကို အိန္ဒိယမူမှာ ဘရတမုနိနဲ့တွဲပြီး သိပါတယ်။ နာဋျသျှတ္တရ ကျမ်းကို ရေးသားသူဖြစ်ပါတယ်။ ပါဠိလို နစ္စသတ္ထလို့ ဘာသာပြန်နိုင်တယ်။ Dramaturgy ပြဇာတ်ထုံးကို ဖော်ပြတယ်။ အနုပညာရဲ့ တာဝန်ဟာ လူ့စိတ်ကို ဖမ်းစားပြီး ရသကိုဖော်ကျူးဖို့ ဖြစ်တယ်။ ဒီရသကို ဖော်ကျူးတဲ့ ဒိဿအနုပညာတွေအတွက် နာဋျသတ္ထ ဟာ normative treatise စံပြုကျမ်းဖြစ်ပါတယ်။

ပါဠိအလင်္ကာကျမ်းမှာ ရသာဝဗောဓ ဆိုတဲ့ အခန်း၅ မှာ အကျဉ်းနည်းအားဖြင့် ဖော်ပြပါရှိပါတယ်။ စာဖတ်သူအများစု insight မမိဘူးလို့ ကျနော် ယူဆတဲ့အတွက် ဒီပို့စ်တ်တွေကို ရေးပါ့မယ်။

အခြေခံအားဖြင့် အနုပညာလက်ရာတခုမှာ အဖြူထည်သဘော လက်ရာကောင်းမှု၊ အကွန့်အညွန့်သဘောနဲ့ သင်္ကေတသဘော အပြင် ရသမြောက်အောင် ဖမ်းစားနိုင်မှုသဘော လည်းပါဝင်ပါတယ်။ ဒါကို ဂုဏ်၊ အလင်္ကာ၊ ရသလို့ ခေါ်ပါတယ်။ ဘရတမုနိက ရသဟာ အရေးကြီးဆုံးလို့ ယူဆလို့ ရသဂိုဏ်းလို့ ခေါ်တယ်။ ဓွနိဂိုဏ်း ဂုဏ်ဂိုဏ်းတွေလည်း ရှိပါတယ်။

ရသ အခြေခံ၉မျိုးရှိတယ်။ (ဘရတမုနိကပြောတော့ ၈ မျိုး။) ရသတမျိုးစီ တမျိုးစီဖြစ်ပေါ်ဖို့အတွက် လူ့စိတ်ရဲ့အခံ unconscious (ဘာဝ)ကို ပြင်ပဗဟိဒ္ဓအနုပညာအားရဲ့ လှုံ့နှိုးဆော်မှု stimulus (ဝိဘာဝ) အတိုက်ဓာတ် နဲ့ ထိခိုက်စေခြင်းအားဖြင့် ရသတွေ ဖြစ်ပေါ်ရရှိပါတယ်။

ဘာဝ ဝိဘာဝကို ဌာယီဘာဝ သဉ္စာယီဘာဝ အနုဘာဝ သာတွိကာဘာဝ (ဗျဘိစာရီဘာဝ) လို့ အနုစိပ်ပြီး ဘာတွေဘယ်လိုထည့်သွင်းဖော်ပြမလဲလို့ စဉ်းစားထည့်သွင်းလိုက်တဲ့အခါ လိုအပ်တဲ့ရသကို မြောက်အောင် ဖန်တီးတတ်လာတော့တယ်။ ဘာဝ ၄၉ မျိုးအထိ ဘရတမုနိ က ခွဲပြတယ်။

ဒီသဘောတရားကို အိန္ဒိယမူအသီးသီးရဲ့ လောကပညတ္တိ လောကဒီပဏီစတဲ့ ကျမ်းတွေအဆို cosmology နဲ့ astronomy ဇောတိသတ္ထ ကို mythology ပုရာဏ်ဒဏ္ဍာရီ မှာ ပေါင်းစပ်လိုက်တာကို နားလည်ရင် ပဋိမာစတဲ့ အနုပညာကို နားလည်ခံစားတတ်ပါတယ်။

ဆက်ပြောပါ့မယ်။
ဆရာ ဦးဇော်မင်းဦးရဲ့ facebook page မှ (Zaw Min-Oo)

https://www.facebook.com/zaw.m....inoo.12935756?mibext

image