မစ္ဆရိယစိတ်က အလွန်ကြောက်ဖို့ကောင်းတာ။ သူတပါး အဆင်ပြေနေတာ၊ အောင်မြင်နေတာ၊ ကြီးပွားသွားမှာကို မနာလိုတဲ့စိတ်ပေါ့။

တချို့တွေရှိတယ် သူတပါး အဆင်ပြေနေရင်ပျဂာ်စီးစေချင်တာ။ အဲ့ဒီလူ ဒုက္ခရောက်သွားတော့ သူတို့အတွက် အကျိုးရှိလားဆိုရင် မရှိဘူး။ သူတို့အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ထားလားဆိုရင်လဲ မလုပ်ထားဘူး။ သူ့ဘာသာနေတဲ့လူကို သက်သက်မနာလိုဖြစ်ပြီး ပျဂာ်စီးရာ ပျက်စီးကြောင်း လုပ်၊ ကိုင်၊ ပြော၊ ဆို ကြတာ။
အဲဒီလို မစ္ဆရိယအားကြီးတဲ့သူက ဒီဘဝမှာလဲ သူတို့စိတ်နဲ့သူတို့ ပူလောင်ပြီး ဘဝမှာအဆင်မပြေကြဘူး။
နောက်ဘဝတွေကျရင်လဲ လာဘ်လာဘ ပိတ်ဆို့တတ်တယ်။

ဘုရားလက်ထက်တုန်းက မစ္ဆရိယအားကြီးပြီး သူတပါး လာဘ်လာဘကို တားဆီးခဲ့တဲ့ ဘုန်းကြီးတပါးဟာ ပျံလွန်တော်မူတော့ နောက်ဘဝတွေမှာ သူဆင်းရဲတံငါသည်ဗိုက်ထဲဝင်စားတာတောင် သူနေတဲ့ရွာမှာ ငါးရှာမရ လာဘ်တိတ်ကြတယ်။ အကုသိုလ်တယောက်ရှိနေပြီ ဆိုပြီး ရွာမှာတဖွဲ့စီခွဲလိုက်တဲ့အခါ နောက်ဆုံးမှာ သူ့ကိုယ်ဝန်နဲ့သူ့အမေပဲကျန်တော့တယ်။ သူ့မိခင်ကိုယ်တိုင်လဲ လာဘ်တိတ်လွန်းတဲ့ဒဏ်မခံနိုင်လို့မွေးပြီး ဝောာင်းစားနိုင်တဲ့အရွယ်ထဲက စွန့်ပစ်သွားတယ်။

နောက်ဆုံး ရဟန္တာဖြစ်တာတောင် ဆွမ်း ဝ လင်အောင်မစားရဘဲ သူဆွမ်းရပ်တာတောင် ဆွမ်းလောင်းမယ့် ဒကာတွေက မမြင်ကြတာမျိုးအထိဖြစ်ခဲ့ရတယ်။

မစ္ဆရိယစိတ်က သိပ်ကိုကြောက်ဖို့ကောင်းပါတယ်။ အခုလို အစစအရာရာ အဆင်မပြေတဲ့ကာလမှာ သူတပါးကို ပျဂာ်စီးအောင်လုပ်ရင် သူ့နောက်က မှီခိုတဲ့မိသားစုတွေပါ ဒုက္ခရောက်မှာမို့ အင်မတန်အကုသိုလ်ကြီးတယ်။
သူတပါးအပေါ်ကို စိတ်ကောင်းမွေးပါ။ မလိုတဲ့ အကုသိုလ်တွေ အလေးခံပြီး နောက်ဘဝ မသယ်ပါနဲ့။ ဒီနေ့နဲ့ မနက်ဖြန်ဘာဖြစ်မလဲ မသိတဲ့ လူ့ဘဝမှာ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

#thawthawhninoo
#crd