7 w - Translate

ကူးစက်မြန်မျောက်ကျောက်ရောဂါကို WHO အရေးပေါ်အခြေအနေကြေညာလိုက်ပါပြီ။

===================================
မျောက်ကျောက် (monkeypox) ‌ရောဂါအကြောင်း သိထားသင့်သည့် အခြေခံအချက်များ

မျောက်ကျောက်ရောဂါ (monkeypox) ဆိုတာဘာလဲ❓

မျောက်ကျောက်ရောဂါ (monkeypox) ဖြစ်ပွားရခြင်းဟာ ကျောက်ကြီးရောဂါ (smallpox) ကိုဖြစ်စေတဲ့ ဗိုးရပ်စ်ပိုး နဲ့ အမျိုးအနွယ်တူ ဗိုင်းရပ်စ်ပိုးတစ်မျိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်ပါတယ်။ မျောက်တွေမှာ ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါ ကို ၁၉၅၈ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပြီး၊ ၁၉၇၀ မှာတော့ လူတွေမှာပါ ဖြစ်ပွားတယ်ဆိုတာကိုတွေ့ရှိခဲ့ပါတယ်။

မျောက်ကျောက်ရောဂါ လက္ခဏာ‌တွေကဘာလဲ❓

မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁) ရက်ထိအောင် ကြာမြင့်နိုင်ပါတယ်။ ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။

ပထမဆုံး (၅) ရက်အတွင်းမှာ
• ဖျားခြင်း၊
• ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
• ပြန်ရည်အိတ် (lymph nodes)များ ရောင်ရမ်းခြင်း၊
• ခါးနာခြင်း၊
• ကြွက်သားများနာကျင်ကိုက်ခဲခြင်းနှင့် အားအင်ချိနဲ့ခြင်း စသည်တို့ ခံစားရနိုင်ပါတယ်။
ပြန်ရည်အိတ် (lymph nodes) များ ရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက်စသည့်ရောဂါများနှင့်မတူ ကွဲပြားသည့် အချက်ဖြစ်ပါတယ်။

ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ
• အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာပါတယ်။
• အနီစက်များဟာ ခန္ဓာကိုယ်ပေါ်ထက် မျက်နှာနှင့် ခြေလက်
များပေါ်မှာ ပိုပေါက်လာပါတယ်။
• အနီစက်များဟာ အရည်ကြည်များ၊ ပြည်များပါဝင်ပါတယ်။
• အနာတွေက အရေအတွက် အနည်းငယ်ကနေ
ထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။
• အနာများဟာ တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ ကွာကျလာနိုင်ပါတယ်။

မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။
မျောက်ကျောက်ရောဂါနောက်ဆက်တွဲအနေဖြင့်
• အဆုတ်ရောင်ရောဂါ၊
• ပိုးဝင်ခြင်း၊
• ဦးနှောက်ရောင်ရောဂါ၊
• မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို့ ဖြစ်လာနိုင်ပါတယ်။

မျောက်ကျောက်ရောဂါ ဘယ်လိုကူးစက် သလဲ❓

လူတစ်ဦးမှ တစ်ဦးသို့ အသက်ရှုလမ်းကြောင်းကတဆင့်ကူးစက်နိုင်ပါတယ်။ (ရောဂါပိုးရှိသူ ချောင်ဆိုး၊ နှာချေခြင်းမှ ထွက်တဲ့ အမှုံအမွှားလေးတွေ မှ တဆင့် အနီးတ၀ိုက်ကို ပျံ့နှံ့ကူးစက်စေပါတယ်) ကိုယ်ခန္ဓာမှထွက်တဲ့ အရည်များနှင့်ထိတွေ့ခြင်း၊ အရေပြားပေါ်မှ အနာများနှင့် ထိတွေ့ခြင်းတို့ကနေတဆင့်ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူ အသုံးပြုထားတဲ့ အ၀တ်အစား၊ အသုံးအဆောင်ပစ္စည်းများကို ထိတွေ့ကိုင်တွယ်ခြင်းမှတဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိနေတဲ့ တိရိစ္ဆာန်များ (ဥပမာ – ကြွက်) တိုက်ရိုက်ထိတွေ့ခြင်း တို့မှတဆင့် ကူးစက်နိုင်ပါတယ်။

မျောက်ကျောက်ရောဂါဖြစ်ပွားလာရင် ဘယ်လိုကုသနိုင်မလဲ❓

မျောက်ကျောက်ရောဂါကို လုံး၀ပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေးမရှိသေးပါ။ကျောက်ကြီးရောဂါကာကွယ်ဆေးဟာ မျောက်ကျောက်ရောဂါကို (၈၅) ရာခိုင်နှုန်း အထိ ကာကွယ်နိုင်ပါတယ်။ ယခင် ကာကွယ်ဆေးထိုးနှံထားသည့် အမှတ်အသားကတော့ လက်မောင်းပေါ်မှာ အမာရွတ်သေးသေးလေးကို တွေ့နိုင်ပါတယ်။ မျောက်ကျောက်ရောဂါ ကာကွယ်ဆေးများကိုတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာများ ကို သက်သာအောင် supportive treatment တွေသာပေးထားဖို့လိုပါမယ်။ လိုအပ်ခဲ့ရင်တော့ ဗိုင်းရပ်စ်ပိုးသတ်ဆေး (anti virals) တွေနဲ့ ကုသပေးရပါမယ်။ ကျောက်ကြီးရောဂါ (smallpox) ကာကွယ်ဆေး ထိုးထားခဲ့ဖူးရင်တော့ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုကနေ ၈၅ရာခိုင်နှုန်း ခန့် ကာကွယ်ပေးထားနိုင်တယ်လို့သိရပါတယ်။

ကူးစက်မြန် မျောက်ကျောက်ရောဂါသည် နိုင်ငံပေါင်း ၉၆ နိုင်ငံမှာ ၄၄၅၀၃ ဦးထိ ကူးစက်ခံနေရပါပြီ။ မြန်မာအိမ်နီးချင်း ထိုင်း၊တရုတ်နိုင်ငံနှင့် အင်ဒို၊ ဖိလစ်ပိုင်၊ကမ္ဘောဒီးယားနှင့် မြန်မာနှင့်ဆက်ဆံနေသည့် ဂျပန်၊ရုရှားတို့တွင် ရောက်ရှိနေပါပြီ။ လက်ရှိမြန်မာနိုင်ငံတွင်အတည်ရောဂါသည်လူနာမရှိသေးပါ။ ရောဂါလက္ခဏာမပေါ်သည့် ပိုးဝင်ခြင်းများ ရှိလားဆိုတာကိုတော့ မသိရသေးပါဘူး။မျောက်ကျောက်ရောဂါကြောင့် သေဆုံးနှုန်းဟာ ကလေးငယ်တွေကြားမှာ ပိုမြင့်မားပါတယ်။

ကြိုတင်ကာကွယ်ခြင်း

လူအချင်းချင်းကူးစက်မှုကို လျှော့ချနိုင်စေရန်
• မျောက်ကျောက်ရောဂါဖြစ်ပွားလာလျှင် ရောဂါပိုးရှိသူနှင့်အနီးကပ်မနေပါနှင့်။

• ကျန်းမာရေးဝန်ထမ်းများဟာ ကူးစက်ခံရနိုင်ချေ ပိုများပါတယ်။

• တိရစ္ဆာန်မှတဆင့် လူကိုကူးစက်နိုင်တဲ့အတွက်တိရစ္ဆာန်များထိတွေ့ခြင်းကို ရှောင်ကြဉ်ရန်။

• အသားတွေကိုသေချာကျက်အောင် ချက်ပြုတ်ပါ။

Website တွင်ဖတ်ရန် -
https://dphealthtopic.wordpres....s.com/2022/05/23/bas

#crd
#monkeypoxvirus

Basic Things You Need To Know About Monkeypox – Health Topics by DP
dphealthtopic.wordpress.com

Basic Things You Need To Know About Monkeypox – Health Topics by DP

မျောက်ကျောက် (monkeypox) ‌ရောဂါအကြောင်း သိထားသင့်သည့် အခြေခံအချက်များ မျောက်ကျောက်ရောဂါ (monkeypox) ဆိုတာဘာလဲ…မျောက်ကျောက်ရောဂါ (monkeypox) ဟာ ကျောက်ကြီးရောဂါ (smallpox) ကိုဖြစ်စေတဲ့ ဗိုးရပ်စ်ပိုး နဲ့ အမျိုးအနွယ်တူ ဗိုင်းရပ်စ်ပိုးတစ်မျိုး ကူးစက်ခံရခြ
image
image
image