7 w - Translate

လူတွေဟာ ဘ၀တစ်ခုတည်းနဲ့ မရောင့်ရဲကြဘူး။ ဘ၀ကို ထင်ဟပ်ပြတဲ့ စာအုပ်တွေကို ဖတ်ချင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာအုပ်ထဲက ဘ၀ဟာ အပြင်က ဘ၀ထက် ပိုပြီး စုစည်း၊ ပိုပြီး သိပ်သည်း၊ ပိုပြီးလှပ ပိုပြီး ခမ်းနားလို့ပဲ။

လူဟာ သူ့တစ်ဘ၀၊ သူ့တစ်ကမ္ဘာ၊ သူ့မျိုးဆက် တစ်ဆက် အတွင်းက အတွေ့အကြုံများကိုသာ ထိတွေ့လို့ ရမယ်၊ စာအုပ်တွေထဲမှာတော့ တခြားဘ၀၊ တခြားကမ္ဘာ၊ တခြားမျိုးဆက် တဆက်က အတွေ့အကြုံတွေကိုပါ ရနိုင်တယ်။

စာအုပ်တွေဟာ အတိတ်ခေတ်နဲ့ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ်၊ ကျွန်တော်တို့ခေတ်နဲ့ အနာဂတ်ခေတ်တို့ကို ပေါင်းကူးပေးတဲ့ တံတားတွေဖြစ်တယ်။

#မြသန်းတင့်

image