🥰 ပါရမီ စိန်ဂေဟာ အနီးမှာ
၁ ဦးကို 10000 ကျပ် လောက်နဲ့ ဒီလို Mini Bar လှလှလေးထိုင်ဖို့ 👸 Queen Bar “

အခုခေတ် စျေးကြီးမှ ဘားထိုင်လို့ရမယ်ဆိုတာကိုတော့ ဒီဆိုင်မှာ မေ့ထားလို့ရပါတယ် ။

#စျေးနှုန်းတွေလား…. ?
စျေးတန်တဲ့ Package တွေအပြင်
▪️ဟင်းပွဲတွေက တစ်ပွဲ ဆို ၃၅၀၀ ကျပ် ကနေစရတယ် ။
Cocktails တွေဆိုရင် 4000 ကျပ်ကနေ စပြီး ရပါ့မယ်ဗျ
( အခုခေတ် အနေနဲ့ဆိုရင် တကယ်တန်တယ်ဗျ )

#အားနည်းချက်လေးကတော့… ?
ကားပါကင်မရှိလို့ ပါရမီ အနီးတဝိုက်နေသူတွေဘဲ ပိုအဆင်ပြေမယ်
ဆိုင်ကတော့ အနည်းငယ်လောက် ကျဉ်းတယ်ဗျ ။
❤️ ဒါပေမယ့် Bar ရဲ့ အသက်ဖြစ်တဲ့ မီးရောင် Lighting လေးနဲ့ လှနေအောင် သေချာလေးပြင်ဆင်ထားတာပါ ။

#သိထားရမယ့်infoဆိုရင်..
Package A , B , C ဆိုပြီး ၃ မျိုးရှိတယ်ဗျ ။

🛑Package A မှာ
မူရင်းစျေး 39500 ကျပ်ကို 35500 ကျပ်နဲ့
🍺 Tiger Beer 1 Tower
🍺 သုံးထပ်သားအကြွပ်ကြော် / ကန်စွန်းပလိန်း / ရုံးပတီးသီးကင် ဆိုပြီး ပါတယ် ။
( ဒီ Package ကတော့ ဘီယာကြိုက်သူများအတွက် ပိုပြီး ယူသင့်တယ် )

🛑Package B မှာ
မူရင်းစျေး 29500 ကျပ်ကို 26500 ကျပ်နဲ့
🍹 cocktail shotstand ( ၂ ခု ) ရယ်
Potato Fried / Pork Salad ( or ) Chicken Salad
ဆိုပြီး ပါဝင်ပါတယ် ။
( ဒီ Package ကတော့ မိန်းကလေးတွေနဲ့ ပိုပြီးလိုက်မယ်လို့ ထင်တယ်

🛑Package C မှာ
မူရင်းစျေး 30500 ကျပ် ကို 26500 ကျပ် နဲ့
Cocktail Jar ( ၂ ခု ) ရယ်
Chicken Wing ( or ) ဆိတ်လဖက်ထောင်း / ကန်စွန်းချဉ်စပ်ဆိုပြီး ကြိုက်တာလေးရွှေးလို့ရတယ်ဗျ ။

ဒီဆိုင်ရဲ့ ဟင်းပွဲတွေက အရသာလည်းကောင်းတော့
တစ်ပွဲချင်းစီယူစားမယ်ဆိုရင်.. ဒီဆိုင်မှာ ရွှေးချယ်သင့်တာလေးကိုလည်း တစ်ပုံခြင်းစီမှာ စျေးနူန်းနဲ့ အမည်နဲ့ တွဲပြီး ပြထားပေးပါတယ်နော် 🥰

ဒီဆိုင်မှာ #သဘောကျမိတဲ့အချက်ဆိုရင် Family Type ပုံစံမျိုးလေး Service ပေးတယ် ။
အဲ့တော့ မိန်းကလေးတွေဆိုရင်
👉ချစ်သူ ကောင်လေးနဲ့ပဲ သွားသွား ၊
👉ကိုယ့်သူငယ်ချင်းတွေချည်း စုပြီးတော့ပဲ သွားသွား ~ ဒီဆိုင်အနေအထားက အဆင်ပြေလောက်တယ်နော် ....

သွားမယ်ဆိုရင် ...
🏡 ဆိုင်နာမည် - QUEEN BAR
📌 လိပ်စာ - အမှတ် - ၁၇ ၊ ၁၆ ရပ်ကွက် ၊ ပါရမီလမ်း ၊ လှိုင်မြို့နယ်
📱 ဖုန်း -09762614872
⏰️ ဆိုင်ဖွင့်ချိန် - 110 AM - 10:30 PM ဖြစ်ပါတယ် ။

#foodinyangon ❤️
( ရန်ကုန်မြို့စားသောက်ဆိုင်လမ်းညွှန် )
#bardate #girls #cocktail #budgetfood

imageimage
+9