7 w - Translate

ပြာလဲ့လဲ့ မဟုတ်တဲ့ လနီကြီး သို့မဟုတ် စူပါမွန်း

ကမ္ဘာနဲ့အနီးဆုံးဖြစ်တဲ့လကို ကမ္ဘာသူကမ္ဘာသားတွေက အနီးကပ်နဲ့ အရွယ်စား ကြီးကြီးမြင်ရတဲ့ စူပါမွန်းဖြစ်စဥ်ကို သြဂုတ်လ ၁၉ ရက်ညတုန်းက ကမ္ဘာ့မြို့ကြီး တချို့မှာ မြင်တွေ့ခဲ့ရပါတယ်။

အခုမြင်ကွင်းတွေကတော့ ရီယို၊ အေသင်၊ ဘက်ဆာ၊ ဂျေရုစလင်၊ ဆဗေး၊ စတော့ဟုမ်း၊ အစ္စတန်ဘူလ်၊ ရောမမြို့တွေကနေ စူပါမွန်းကို မြင်ရတဲ့အခြေအနေဖြစ်ပါတယ်။

နေ၊ ကမ္ဘာနဲ့ လ တတန်းတည်းဖြစ်ချိန်မှာ လက ကမ္ဘာနဲ့ပိုနီးလာပြီး ပုံမှန်မြင်နေကျ အရွယ်အစားထက် ပိုကြီးမားတဲ့အခြေအနေနဲ့မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

အပြာရောင်စူပါမွန်းလို့ ခေါ်လေ့ရှိကြပေမဲ့ မြောက်အမေရိကတိုက်မှာတော့ အပြာရောင် မဟုတ်ဘဲ အနီရောင် လပြည့်ဝန်းကြီး ဖြစ်နေပါတယ်။

အကြောင်းကတော့ မြောက်အမေရိကတိုက်မှာ လောင်တဲ့တောမီးတွေကနေထွက်တဲ့မီးခိုးတွေဟာ အတ္တလန္တိတ်သမုဒ္ဒရာကောင်းကင်ထက်က လေထုထဲမှာ ပျံ့နှံ့ပြီး အဲဒီလေထုကို လ အလင်းရောင်ဖြတ်သန်းရတဲ့အခါ လိမ္မော်နဲ့ အနီရောင်ရောင်စဥ်တွေကို ပိုပြီး ရှင်းရှင်းလင်းလင်းမြင်ရတာဖြစ်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #စူပါမွန်း #လ #ကမ္ဘာ #နေ #မြောက်အမေရိက #တောမီး #လေထု #အနီရောင်

image
image
image
image