"ရလဒ်နဲ့ပျော်ရွှင်မှု"
*******************

ပျော်ရွှင်မှုဆိုတာ ရလာဒ်တစ်ခုလားလို့ အရင်ကသတ်မှတ် ခဲ့ဖူးတယ်၊ ငါတော့ ဒီလိုအောင်မြင်မှုရရင်ပျော်ရွှင်မယ်၊ ဒီလိုမျိုး ပိုင်ဆိုင်မှုတွေရရင်ပျော်ရွှင်မယ်ဆိုပြီး Result တွေကို ပျော်ရွှင်မှုလို့ ထင်ခဲ့ဖူးတယ်။

နောက်တော့ ကိုယ့်အနေနဲ့ ပျော်သင့်သလောက်မပျော်ရတော့ဘူး...အောင်မြင်မှုသေးသေးလေးတွေကို မပျော်နိုင်တော့ဘူး၊ ရလာဒ် အကြီးကြီးတွေမှငါမလုပ်နိုင်သေးတာဆိုပြီး စိတ်ကဝမ်းနည်းတာပဲ ကြီးစိုးနေတယ်။

ဒီလိုနဲ့သိလာတာက ပျော်ရွှင်မှုဆိုတာက ရွေးချယ်မှုတစ်ခုပဲ

မင်းပျော်အောင်နေဖို့ မရွေးချယ်မချင်း မင်းကို ပျော်ရွှင်စေမှာမဟုတ်ဘူး။ ပျော်ရွှင်ဖို့ ဆုံးဖြတ်မထားရင် ဘယ်သူကမှ မင်းကို ပျော်ရွှင်စေမှာ မဟုတ်ပါဘူး။ မင်းရဲ့ပျော်ရွှင်မှုက မင်းဆီရောက်လာရမှာမဟုတ် ဘူး...မင်းဆီကနေပဲလာရမှာ၊ မင်းက နေ့ရက်တိုင်းပျော်ရွှင်ဖို့ ရွေးချယ် ထားတဲ့စိတ်ကလေးနဲ့အစပြုမယ်ဆို နေ့ရက်တိုင်း ပျော်ရွှင်ခြင်းဆိုတ မင်းဆီကနေလာနေမှာပါပဲ။

#minkhant ( Verse )
#မင်းပြောင်းလဲနိုင်ပါတယ် စာအုပ်မှ
#thelibraryofdream
#crd

image