7 w - Translate

"သတိရတဲ့အခါ ပန်းတွေကိုကြည့်ပါ"

စကားတွေနဲ့မပြောနိုင်တဲ့အခါ ပန်းတွေနဲ့ဖော်ပြလိုက်လို့ရတဲ့အထဲမှာ ချစ်ခြင်းမေတ္တာလည်း ပါတယ်မလား ။ "သတိရတဲ့အခါ ပန်းတွေကို ကြည့်ပါ"ဆိုတာ တကယ်က ချစ်ကြတဲ့သူတွေချင်း စိတ်ချင်းချည်လို့ရမယ့်ကြိုးကလေးလို့ သိစေချင်တာပါ။ ကမ္ဘာမှာ ဘာမှမရှိတော့တဲ့အခါတောင်မှ ပန်းတွေဟာ သက်တမ်းအရှည်ကြာဆုံးသော ကမ္ဘာဦးလက်ကျန်ရုပ်ကြွင်းတွေဖြစ်နေနိုင်သေးတာမလို့ ဘယ်တော့မှ ပျောက်ကွယ်မသွားနိုင်တဲ့ ချစ်ခြင်းမေတ္တာအတွက် ပန်းတွေကတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း သိစေချင်တာပါ။

သတိရတဲ့အခါ တိမ်တွေကိုကြည့်ပါ၊ ပန်းတွေကိုကြည့်ပါ၊ကြယ်တွေကိုကြည့်ပါဆိုတဲ့ အမှာစကားတွေဟာ အလကားသက်သက်ဖွဲ့နွဲ့ပြထားတာမဟုတ်မှန်း နားလည်စေချင်လို့ ချစ်ခြင်းအားဖြင့် ချစ်မေတ္တာစာစုကလေးများကို ဖွဲ့သီခဲ့ပါတယ်။ "သတိရတဲ့အခါ ပန်းတွေကို ကြည့်ကြရင်း ပန်းတွေမြင်တဲ့အခါတိုင်း သတိရသွားနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေအတွက် ချိတ်တွယ်လို့ရမယ့် ပန်းသီကြိုးကလေးဖြစ်ရမယ်ဆိုရင်တောင် ကျေနပ်ပါတယ် ။ #ရည်ရွယ်

#သတိရတဲ့အခါပန်းတွေကိုကြည့်ပါ
#ရွယ်ရည် #ကျူးလစ်
#thelibraryofdream
#crd

image
image
image
image