ကျနော့်ရဲ့ သက္ကတသင်တန်းကို အစောက ရည်ရွယ်ထားတာက ပါဠိတတ်ပြီး ကူးပြောင်းဖတ်သင်ယူမှု အခက်အခဲတွေ့နေသူတွေအတွက် ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် အရွယ်စုံ အတန်းစုံက စိတ်ဝင်စားကြတာတွေ့တော့လည်း တမျိုးတဖုံ ပြင်ဆင်ပြီး အများဆိုင်/ဆုံသော အများစုံ အတန်းအဖြစ် စတင်ဖြစ်ခဲ့ပါတယ်။
ဘာမှ မလုပ်ဘဲ ရွေ့လျော ကုန်ဆုံးသွားတာထက် တခုခုကို ရှာဖွေလုပ်ရင်း အဓိပ္ပါယ်တည်ဆောက်နေရတာ ဘဝမဟုတ်လား။ (ဖြစ်တည်မှုရဲ့နောက်ဆက်တွဲအဖြစ် အနှစ်သာရကို ဖန်တီးလျက်သာ နေနေရတယ်။)
"ဘာသာဗေဒဟာ အဓိပ္ပါယ်ဆိုတာကို တည်လည်း တည်ဆောက်တယ်၊ တည်ဆောက်ထားတာတွေကိုလည်း ဖျင်ကြည့် ဖြဲကြည့်တယ်၊ အဓိပ္ပါယ်တွေအလွန်က ကြိုးစားပုံဖော်တည်ဆောက်ယူထားကြတဲ့ အရှိတရားကိုလည်း မြင်အောင်ရှုတယ်၊ အရှိတရားအလွန်က မရှိတရားကိုလည်း တရားသံဝေ ရယူစေပါတယ်။"
သဒ္ဒဗြဟ္မဉာဏ် ကို မိမိရော မိမိနဲ့ အတူဖြတ်သန်းသူများရော ကံကောင်းထောက်မ ပိုင်ဆိုင်ရကြပါစေသတည်း။
ဆရာ ဦးဇော်မင်းဦးရဲ့ facebook page မှ (Zaw Min-Oo)

https://www.facebook.com/zaw.m....inoo.12935756?mibext

image