7 w - Translate

[EDITORIAL/ PERSONAL OPINION]

Overhyped and under-deliver.

⚠️ rom&nd ကိုအရမ်းခရေဇီဖြစ်တဲ့သူများမဖတ်ရ။

Overhyped and under-deliver လို့ဘာလို့ပြောလဲဆိုရင်တော့ hype လို့လိုက်ဝယ်ပြီးလို့ သုံးကြည့်ရင်စိတ်ကျေနပ်မှုသိပ်မရလို့ပါ။​ Personal opinion ဆိုတော့ ကွဲလွဲနိုင်ပါတယ်။ Good point, Bad point တွေကိုလည်းကိုယ့်အမြင်အတိုင်းတွဲရေးထားပါတယ်။

Zero Velvet Tint

Good Point - အရောင်လို့ပဲပြောရမယ်ထင်တယ်။ အရောင်စူးတယ်ပေါ့။ နောက် matte ဖြစ်တယ်။
Bad Point - နှုတ်ခမ်းနီပျက်ရင်အလည်မှာအကုန်ပြောင်ပြီးဘေးနှုတ်ခမ်းသားတွေပဲကျန်တယ်။ ပြန်ဖျက်ပြန်ဆိုးရင်လည်းဘေးနားမှာအရောင်နည်းနည်းစွန်းကျန်ခဲ့လို့သိပ်အဆင်မပြေဘူး။ နောက် အရောင်မစွဲဘူး။ Transfer ဖြစ်တာအရမ်းလွယ်တယ်။

Glasting Melting Balm -

Good Point - No good point.
Bad Point - ဝက်ဆီဖတ်ကိုနှုတ်ခမ်းပေါ်ဆိုးရင်တောင် ဒီလို effect ရနိုင်မယ်လို့များလားထင်မိတယ်။ ဆိုးပြီးပြောင်လက်လက်ဖြစ်ပေမယ့် မစိုဘူး။ နှုတ်ခမ်းမှာ line တွေရှိလို့ ဒါဆိုးပြီး hydrated ဖြစ်မယ်ထင်လား။ ဆုတောင်းလို့ပဲပြောရမယ်။ အရေးကြောင်းတွေပဲပြောင်လက်လက်ဖြစ်လာမယ် ဒါပေမယ့်နှုတ်ခမ်းစိုမလာဘူး။ Lip care effect ရတယ်လို့မရေးပေမယ့် balm လို့ရေးထားရင်အတန်အသင့်လေးတော့စိုသင့်တယ်လို့ထင်တာပဲ။​

Glasting Water Tint

Good Point - Tint တွေထဲမှာ medium quality လောက်ပေါ့။ အရောင်လေးကခပ်စိုစိုလေး။ ပျက်သွားလည်း tint အရောင်မှိန်မှိန်လေးကျန်တယ်။
Bad Point - အနံ့။ တခြားဘူးတွေတော့မသိဘူး။ ဖူးပွင့်ဘူးအနံ့ကတော့ grapefruit ပီကေနံ့ရတယ်။ Artificial နည်းနည်းဆန်တယ်။​အဲ့ဒီအနံ့ကနှာခေါင်းထဲကိုအချိန်တော်တော်ကြာရနေတော့ အနံ့မကြိုက်ရင်အဆင်မပြေဘူး။ ဖူးပွင့်ကတော့ artificial grapefruit ပီကေနံ့ကိုသိပ်မကြိုက်ဘူး။

Juicy Lasting Tint

Good Point - ဆိုးထားရင်စိုစိုလေးဖြစ်တယ်ပေါ့။
Bad Point - ဖူးပွင့်အတွက်အရောင်ထွက်မမှန်ဘူး။ ဒီဘူးကမသိရင် coral ကို neutral tone လိုမျိုးနဲ့ တကယ်တမ်းက warm tone ဘက်ကိုတော်တော်သွားတယ်။ တခြားတစ်ချောင်းလည်းဝယ်တာအဲ့လိုပဲ။ Nucademia လေ။ သူတို့ပြတာက neutral nude beige လိုမျိုးပေမယ့် တကယ်က warm tone ဖောက်တဲ့ brown beige လိုမျိုး။​Colour က သူတို့ swatch ပြသလိုမထွက်ဘူး။ Warm ဘက်တွေတအားဖောက်တယ်။ နောက်တစ်ချက်က ဆိုးပြီးတိုင်းနှုတ်ခမ်းခြောက်ပြီးအဖတ်တွေအရမ်းလန်တယ်။

ဒါလေးပါပဲ။ Social media မှာတော့ hype နေကြတာပဲ။ ဖူးပွင့်လည်း hype လို့နားယောင်ပြီးဝယ်သုံးကြည့်လိုက် disappointed ဖြစ်လိုက်နဲ့လုံးလည်ချာလည်ဖြစ်လာတာ Zero Velvet tint ဝယ်တဲ့အချိန် rom&nd တစ်ချောင်း 12,000 MMK ခေတ်တည်းကပဲ။ အရောင်လေးတွေမြင်ပြီး စိတ်ယိုင်ယိုင်သွားတဲ့ကိုယ့်ဘာသာကိုယ်ပဲ blame ပါတယ်။ Overhyped and under-deliver ပါ။ ဝယ်ထားပြီးစိတ်ကူးပေါက်မှ၊ နှမျောမှပဲဆိုးဖြစ်တယ်။ စွဲစွဲလန်းလန်းကြီးမကြိုက်ဘူး။

ဒါလေးပါပဲ။
Bye.

Love,
Rosie
#crd

image