7 w - Translate

အခုနောက်ပိုင်း "ချစ်တယ်"ဆိုတဲ့
စကားတွေထက် "တန်ဖိုးထားတယ်"ဆိုတဲ့ စကားလုံးလေးတွေကို ပိုပြီးသဘောကျလာမိတယ်။ "တန်ဖိုးထားတယ်"ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုနားလည်တဲ့ ရပ်ဝန်းလေးမှာပဲ ရှင်သန်ချင်မိတယ်။

တန်ဖိုးထားတယ်ဆိုတဲ့ စကားလုံးရဲ့နောက်ကွယ်မှာ နွေးထွေးမှုတွေ၊ ကြင်နာမှုတွေ၊လေးစားမှုတွေနဲ့အတူ ထာဝရမြတ်နိုးသွားမယ်ဆိုတဲ့ အေးချမ်းတဲ့ချစ်ခြင်းမေတ္တာတွေကို ခံစားမိတယ်။

ဒါကြောင့် အခုနောက်ပိုင်းမှာ "ချစ်ပေးဖို့"ထက် "တန်ဖိုးထားပေးဖို့" ပိုပြီးတောင်းဆိုမိတယ်။

#crd

image