7 w - Translate

သက္ကတအသံထွက် (၂)

(၁)
သက္ကတအသံထွက် ဧ နဲ့ အဲ၊ ဩ နဲ့ ဪ ကို ဘယ်လို အသံထွက်လဲ။

e/ai, o/au အေ အိုက် အို အောက် လို့ ဆင်ဆင်ထွက်ပါတယ်။

(၂)
သက္ကတအတွက် IPA ဖိုနက်တစ်အက္ခရာရော မရှိဘူးလား။

ရှိပါတယ်။ SLP 1 လို့ ခေါ်ပါတယ်။ Sanskrit Library Phonetic 1 ပေါ့။ သုတေသနအတွက် သုံးကြပါတယ်။

(၃)
သက္ကတမှာ ဝိသဇ္ဇနီယ (ဝစ္စပေါက်) ကို ဘယ်လိုဖတ်ရလဲ။ ပြီးတော့ "ၐ ၑ သ" ဘယ်လိုကွာသလဲ။

ဝစ္စပေါက်သံ (ဝိဆရ်ပေါက် = ဝိသရ်္ဂ) ကို ဟ-သံတဝက် စွက်စေပြီး ဖတ်ရပါတယ်။ ဋ-တ(သသံ)-သ(ဆသံ) နေရာတွေကို လျှာထောက်ပြီး ရှ၊ သျှ၊ ဆ လို့ အစဉ်အတိုင်း ဖတ်ရင် ၐါဒိသံများ ရပါတယ်။

(၄)
သက္ကတမှာ stress ရှိလား။ ဘယ်လိုသတ်မှတ်လဲ။

ဝေဒခေတ်က ရှိပေမယ့် ပါဏိနိနောက်ပိုင်း ခုခေတ် မရှိဘူး။ ဥဒါတ္တ လို့ ခေါ်တယ်။ ဓာတ် ပစ္စည်းများအလိုက် ခွဲမှတ်ရတယ်။ ဘွာဒိ(ဘူဝါဒိ)ဂိုဏ်းခွဲတွေထဲမှာ တုဒါဒိဂိုဏ်းဝင်တွေဟာ ဥဒါတ္တသရတွေဖြစ်တယ်။ စသဖြင့် ပေါ့။

(၅) သက္ကတမှာ အဖြတ်အနား ဘယ်လိုမှတ်ယူဖတ်ကြတာလဲ။

ပဇ္ဇအဖွဲ့မှာ ဂါထာအမျိုးအစားအလိုက် ယတိ သတ်မှတ်ချက်ရှိတယ်။ ဂဇ္ဇစကားပြေမှာ အနက်အုပ်စုအလိုက် ခွဲဖတ်ပါတယ်။

(၆)
ခုခေတ် သက္ကတတတ်မြောက်သူတွေထဲမှာ အနောက်တိုင်းသားများ များတာတွေ့ရတယ်။ ဘာလို့လဲ။

စနစ်ကျလို့ဖြစ်ပါတယ်။

ဆရာ ဦးဇော်မင်းဦး Facebook page မှ

image