7 w - Translate

သက္ကတအသံထွက်

သက္ကတအသံထွက် နဲ့ အက္ခရာဖလှယ်မှု ကို ခုခေတ် လူငယ်တွေအဖို့ Myanglish လို့ အလွယ်ခေါ်ကြတဲ့ စာလုံးပေါင်းမှု‌တွေကြောင့် ကူးသင်တတ်ရင် ပိုမိုလွယ်ကူစွာ ရပြီးဖြစ်ပါတယ်။

ဗ ဆိုတာ ba
ဗိ ဆိုတာ bi
ဗု ဆိုတာ bu
ဗေ ဆိုတာ be
ဗဲ ဆိုတာ bai
ဗော ဆိုတာ bo
ဗော် ဆိုတာ bau

လို့ သိရင် အက္ခရာဖလှယ်မှုဟာ တဝက်ကျိုးပါပြီ။

ဗလ bala, ဗိလ bila စသဖြင့်ပါပဲ။

က် ... ဒ် ဆိုတာတွေက a, e, i, o, u မပါသေးတဲ့ k ... d ကို ဆိုလိုတယ်။ က/ခ အတွဲ ဂ/ဃ အတွဲတွေမှာ k/kh, g/gh ခွဲတယ်။ လိုအပ်ကွဲလွဲတာတဲ့အက္ခရာတွေကို diacritics အသံပြောင်းသင်္ကေတတွေနဲ့ သုံးမယ်။

ဒီတော့ ဗုဒ္ဓ buddha, ဓရ်မ dharma ဆိုတာတွေကို ရေးတတ်အောင် ကျင့်တော့။

အခုလို ဖလှယ်နည်းကို Roman IAST (International Alphabet of Sanskrit Transliteration) ဖလှယ်နည်း ခေါ်တယ်။ ဒါတတ်ရင် Kyoto-Harvard ဖလှယ်နည်း စတာတွေကို အလွယ်တတ်နိုင်ပြီ။ ဖတ်လို့မြင်တဲ့အက္ခရာကို အသံထွက်ရတယ်။ အသံထွက်နဲ့ စာလုံးပေါင်းဟာ ဒါကြ ဒါရေး၊ ဒါမြင် ဒါဖတ် ကိန်းသေ တထပ်တည်းကျတယ်။

ဆရာ ဦးဇော်မင်းဦး facebook page မှ