7 w - Translate

သရေကျခဲ့၍ အန်ဆလော့တီ စိတ်ပျက်
----------------------
ဩဂုတ်လ(၁၈)ရက်နေ့ညက ကစားခဲ့တဲ့ မာယော့ကာအသင်းနဲ့ လာလီဂါပွဲစဉ်မှာ သရေရလဒ်သာ ရခဲ့တာကြောင့် စိတ်ပျက်မိတယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီက ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ မာယော့ကာအသင်းကို ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ချေပဂိုးပြန်ပေးခဲ့ရသလို အသင်းအတွက် လိုအပ်နေတဲ့ ဂိုးတွေကို မသွင်းယူနိုင်ခဲ့တာကြောင့် သရေကျခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက သရေကျခဲ့တဲ့ ပွဲစဉ်တွေရှိခဲ့ပေမယ့်လည်း အခုပွဲစဉ်မှာ သရေကျခဲ့တာကိုတော့ စိတ်ပျက်မိတယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီက ပြောပါတယ်။ အခုပွဲစဉ်မှာ အသင်းရဲ့ခြေစွမ်းက လိုအပ်ချက်တွေရှိသေးတာကြောင့် လာမယ့်ပွဲစဉ်မှာ ရလဒ်ကောင်းရဖို့အတွက် ကြိုးစားသွားမယ်လို့ နည်းပြအန်ဆလော့တီက ဆက်လက်ပြောကြားခဲ့ပါသေးတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုပွဲစဉ်မှာ သရေကျခဲ့တာကြောင့် တနင်္ဂနွေနေ့ညပွဲစဉ်တွေအပြီးမှာ ရမှတ်(၁)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် (၁၃)နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

image