7 w - Translate

အမျိုးသမီး တိုးဒီဖရန့် ချန်ပီယံဆု နီဝီဒိုမာ ရရှိ
-----------------------
ဩဂုတ်လ ၁၈ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီးတိုးဒီဖရန့် ပြင်သစ်စက်ဘီးစီးပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်အပြီး မှာ ကင်ယွန်အသင်းရဲ့ ပိုလန်နိုင်ငံသူ နီဝီဒိုမာက ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူသွားနိုင်ခဲ့ပါတယ်။ အဆင့် ၈ အဖြစ် ၁၄၉ ဒသမ ၉ ကီလိုမီတာ တောင်တက်ခရီးကို ပြိုင်ပွဲဝင်တွေ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံလည်းဖြစ်တဲ့ နယ်သာလန်နိုင်ငံသူ ဗိုလာရင်းက ၄ နာရီ ၃၄ မိနစ် ၁၄ စက္ကန့်ဆိုတဲ့ စံချိန်နဲ့ ထိပ်ဆုံးကနေ ပန်းဝင်လာခဲ့တာဖြစ်ပါတယ်။

ဗိုလာရင်းအတွက် အခုနှစ်ပြိုင်ပွဲမှာ အဆင့်တစ်ခုကို ဒုတိယအကြိမ်မြောက် အနိုင် ရတာဖြစ်ခဲ့ပေမယ့် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်မှုမှာတော့ နီဝီဒိုမာကို မယှဉ်နိုင်ဖြစ်ခဲ့ပါတယ်။ နီဝီဒိုမာ ကတော့ အဆင့် ၈ မှာ စတုတ္ထနေရာနဲ့သာ ပန်းဝင်လာနိုင်ခဲ့တာဖြစ်ပေမယ့် အဆင့် ၈ ဆင့်အပြီး ချန်ပီယံဆုအတွက် ရပ်တည်မှုမှာတော့ ၂၄ နာရီ ၃၆ မိနစ် ၀၇ စက္ကန့်ဆိုတဲ့ စံချိန်နဲ့ အခုပြိုင်ပွဲ ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရရှိဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီးတိုးဒီဖရန့်ပြိုင်ပွဲမှာ နှစ်ကြိမ်ဆက်တိုက် တတိယနေရာတွေနဲ့သာ ကျေနပ်ခဲ့ရတဲ့ နီဝီဒိုမာအတွက်ကတော့ အခုနှစ်ပြိုင်ပွဲချန်ပီယံဆုက အမှတ်တရ ဖြစ်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ဗိုလာရင်းကတော့ ၄ စက္ကန့်အကွာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ ရပြီး ချန်ပီယံဆုကို လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

imageimage