7 w - Translate

ပေါ်ဆန်းကို အရန်ဆန်အဖြစ် ထားရှိရန်စီစဉ်
----------------------
ပြည်သူတွေအတွက် အရန်ဆန်ထားရှိမှုမှာ ပေါ်ဆန်းကိုပါ အရန်ဆန်အဖြစ်ထားရှိဖို့ ဆောင်ရွက်နေတယ်လို့ မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က နိုင်ငံပိုင်သတင်းဌာနကို ပြောကြားထားပါတယ်။ လက်ရှိမှာ ပို့ကုန်ကို အခြေပြုတဲ့ အရန်ဆန်အစီအစဉ်ထဲမှာ ဧည့်မထဆန်တွေကို ထားရှိထားပြီး လာမယ့် ဆန်စပါးရာသီမှာ ပေါ်ဆန်းကိုပါ ထားရှိနိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်းပြီး ပြည်သူတွေ အတွက်လိုအပ်တဲ့ အရန်ဆန်ထားရှိမှုအစီအစဉ်မှာ ပို့ကုန်တစ်တန်ကို ဆန် ၁ အိတ်ကနေ ၃ အိတ် ထားရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ အစီအစဉ်နဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းက သတ်မှတ်ထားတဲ့ ဆန်ဆိုင် တွေမှာ ပေါ်ဆန်းဆန် တစ်ပြည်ကို ၅၀၀၀ ကျပ်၊ ဧည့်မထဆန် တစ်ပြည်ကို ၃၀၀၀ ကျပ်နဲ့ ရောင်းချပေးနေတယ် လို့ သိရပါတယ်။

Crd
One News Myanmar

image