7 w - Translate

ဖိလစ်ပိုင် ပင်လယ်စောင့်တပ် သင်္ဘောသည် ရင်အိုင် ကျောက်တန်းသို့ တရားမဝင် ကျူးကျော် ဝင်ရောက်၊ ဖိလစ်ပိုင် အနေနှင့် အခွင့်အရေး ကျူးလွန်မှုနှင့် ရန်စမှုကို ချက်ချင်း ရပ်တန့်ရမည်ဟု တရုတ် ပင်လယ်စောင့်တပ် ဆို
----------
ဖိလစ်ပိုင် ပင်လယ်စောင့်တပ် သင်္ဘောသည် ရင်အိုင် ကျောက်တန်းသို့ တရားမဝင် ကျူးကျော် ဝင်ရောက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး တရုတ် ပင်လယ်စောင့်တပ်မှ ပြောရေးဆိုခွင့် ရှိသူ ကမ်းယူက သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဖိလစ်ပိုင် ပင်လယ်စောင့်တပ် သင်္ဘော-၄၄၁၀ သည် တရုတ်နိုင်ငံ၏ နန်စားကျွန်းစု ရှန်ပင် ကျောက်တန်း အနီးတစ်ဝိုက် ပင်လယ်ရပ်ဝန်းသို့ တရားမဝင် ဝင်ရောက်စဉ် တားမြစ် ခံခဲ့ရပြီးနောက် တရုတ်ဘက်မှ သတိပေးမှုများနှင့် ရေကြောင်း ထိန်းချုပ်မှုများကို လျစ်လျူရှုပြီး တရုတ်နိုင်ငံ၏ နန်စား ကျွန်းစု ရင်အိုင် ကျောက်တန်း အနီးတစ်ဝိုက် ပင်လယ်ရပ်ဝန်းကို နောက်ထပ်တစ်ကြိမ် တရားမဝင် ဝင်ရောက်ခဲ့ကြောင်း၊ တရုတ် ပင်လယ်စောင့်တပ်သည် ဥပဒေနှင့်အညီ ဖိလစ်ပိုင်၏ ယင်းသင်္ဘောကို ထိန်းချုပ်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ဖိလစ်ပိုင်သည် တရုတ်နှင့် ဖိလစ်ပိုင်တို့၏ ရင်အိုင် ကျောက်တန်းတွင် "တရားမဝင် သောင်တင်"နေသော သင်္ဘောအား နေ့စဉ်သုံးပစ္စည်းများ ထောက်ပံ့မှု ပေးရေး ယာယီ အစီအမံများကို ချိုးဖောက်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ကျူးလွန်ထိပါးကာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကိုလည်း ပြင်းထန်စွာ ဖျက်ဆီးခဲ့ကြောင်း၊ ဖိလစ်ပိုင် အနေနှင့် အခွင့်အရေးကို ကျူးလွန်ထိပါးမှုနှင့် ရန်စမှုများကို အမြန်ဆုံး ရပ်တန့်ရန် မိမိတို့ လှုံ့ဆော် တိုက်တွန်းပြီး သို့မဟုတ်ပါက နောက်ဆက်တွဲ ဆိုးကျိုးများကို ဖိလစ်ပိုင်သာ တာဝန်ယူရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
#crd