7 w - Translate

ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးသရေစာအနေနဲ့ စားကြတဲ့ အာလူးကြော်ဆိုတာ စိတ်ပေါက်ပေါက်နဲ့ ရွဲ့ပြီး လုပ်ပေးလိုက်ရာကနေ ဖြစ်လာတာပါတဲ့။ ဇာတ်လမ်းအစက ဒီလိုပါ။ ၁၈၅၃ ခုနှစ်တုန်းက နယူးယောက်ပြည်နယ်၊ ဆာရာတိုဂါစပရင်းမြို့က Moon's Lake House ဆိုတဲ့ စားသောက်ဆိုင်မှာ အာဖရိကန်နဲ့ ဌာနေအင်ဒီးယန်းနွယ်ဖွား လက်ရာကောင်းတဲ့ စာဖိုမှူးတယောက်ရှိပါတယ်။ သူ့နာမည်က (ဂျော့ခရမ်) George Crum လို့ခေါ်ပါတယ်။ ဟင်းချက်လက်စွမ်းကြောင့် နာမည်ရနေတဲ့သူပေါ့။
.
တရက်မှာ ဖြစ်ချင်တော့ တော်တော်လေး ချေးများတဲ့ ဖောက်သည်တယောက်က သူကြော်ထားတဲ့ အာလူးတွေက ထူပိန်းပြီး ပျော့နေတာပဲဆိုပြီး ကွန်ပလိန်းတက်တယ်။ အဲဒါနဲ့ ဒီလူ့ကိုတော့ ပညာပေးမှရမယ်လို့ ဆုံးဖြတ်ပြီး ဂျော့ခရမ်က အာလူးတွေကို စက္ကူရွက်လောက် ပါးပါးလေးတွေလှီးပြီး ကြွပ်ရွနေအောင် ကြော်တဲ့အပြင် ဆားနိုင်းချင်း ထည့်လိုက်သေးတယ်။ ဒါပေမဲ့ အဲဒီအာလူးကြော်ကို ခုနက ချေးများတဲ့ ဖောက်သည်က ကြိုက်သွားတော့ သူလည်း အံ့ဩသွားတယ်။ သိပ်မကြာပါဘူး။ လူတိုင်းက "ဆာရာတိုဂါအာလူးကြော်" ကို မြည်းစမ်းဖူးချင်လာကြတယ်။
.
လူတော်တော်များများ မသိကြတာက ဂျော့ခရမ်ဟာ သူ့ရဲ့တီထွင်မှုကို လုံးဝမှတ်ပုံမတင်ခဲ့သလို ဒီကနေလည်း ဘာအကျိုးအမြတ်မှ မရယူခဲ့ဖူး ဆိုတာပါပဲ။ နောက်ပိုင်း သူ့ရဲ့အာလူးကြော်ဟာ ပြည်နယ်ရဲ့အဓိက အစားအစာလိုဖြစ်လာပြီး နယူးယောက်ပြည်နယ်ပြင်ပအထိကို ကျော်လွန်ပြီး ကျနော်တို့ အခုခေတ် ကျနော်တို့ သိကြတဲ့ လူတိုင်းစားတဲ့ သရေစာဖြစ်လာခဲ့ပါတယ်။ ဒီလိုမျိုး ဖြစ်လာပေမဲ့ ဂျော့ခရမ်ဟာ Moon's Lake House စားသောက်ဆိုင်မှာ ဆက်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ခဲ့ပါတယ်။ သူ့ဆိုင်ကို လူကုံထံတွေနဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေ လာပြီး သူ့ရဲ့အာလူးကြော်ကို နှစ်ခြိုက်စွာ စားသုံးကြပါတယ်။
.
နောက်ပိုင်း အာလူးကြော်ဝါးတဲ့အခါ ကတ်စ်တန်မာကွန်ပလိန့်ကို ကမ္ဘာကျော်စားစရာအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ စားဖိုမှူးကို အမှတ်ရကြပေါ့နော်။ အခုဆိုရင် သူတီထွင်ခဲ့တဲ့အာလူးကြော်ကို နှစ်ပေါင်း ၁၇၀ ကျော်တဲ့အထိ ကမ္ဘာတဝန်းမှာ နှစ်ခြိုက်စွာ စားသုံးနေကြတုန်းပဲဖြစ်ပါတယ်။
.
ပုံမှာ ၁၈၅၃ ခုက ဂျော့ခရမ်နဲ့ ဇနီးဖြစ်ပါတယ်။
.
ဘာသာပြန် - စည်သူထွန်း
#ဘာသာပြန်လေ့လာခြင်း - ၁၇
.
(စာကြွင်း - ဂျော့ခရမ်အကြောင်း ပိုသိချင်ရင် ဝီကီပီးဒီးယားမှာ ရှာဖတ်လို့ရပါတယ်။ သူ့ကို George Speck လို့လည်း သိကြပါတယ်။)

image