7 w - Translate

#သကြားသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ
===================

သကြားသီးက အဝိုင်း နဲ့ ဘဲဥပုံသဏ္ဍန်ရှိပြီး အရသာရှိတဲ့အသီးပါပဲ။
ချိုတယ် ကယ်လိုရီပါ၀င်မှုများတယ် ဒါပေမယ့် ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေရှိနေပါသေးတယ်။

#အမြင်အာရုံ

ဗီတာမင် A ပါ၀င်မှုများလို့ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ အသက်အရွယ်အိုမင်းတဲ့အချိန်မှာ အမြင်အာရုံေ၀၀ါးမှုကို နှောင့်နှေးစေပါတယ်။

#အားရှိစေတယ်

ခန္တာကိုယ်အတွက် လိုအပ်တဲ့ အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။

ကိုယ်၀န်ဆောင်မိခင်များအတွက် ကောင်းမွန်တယ်

ကာဘွန်ဟိုက်ဒရိတ်နဲ့ တခြား အဟာရဓါတ်တွေပါ၀င်ပြီး ကိုယ်၀န်ဆောင်မိခင်ကို အားရှိစေပါတယ်။ ပျို့အန်ခြင်း မူးဝြေခင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

#ကျောက်ကပ်ကျန်းမာရေး

ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ ကျောက်ကပ်အတွင်းမှာ ကျောက်တည်တာကိုလည်း ကာကွယ်ပေးနိုင်ပြီး တခြား ကျောက်ကပ်နဲ့ ပတ်သတ်တဲ့ ရောဂါတွေကနေလည်း ကင်းဝေးစေပါတယ်။

#သွား

သွားတွေကို ခိုင်ခန့်စေပါတယ်။ကယ်လ်ဆီယမ်ဓါတ်၊ ဖော့စဖော့ရပ်နဲ့ သံဓါတ်ပါ၀င်လို့လည်း အရိုးတွေကို သန်မာစေပါတယ်။

#အမျှင်ဓါတ်

အမျှင်ဓါတ်ကြွယ်၀စွာပါ၀င်လို့ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ၀မ်းချုပ်ခြင်းကနေ ကာကွယ်ပေးပြီး ၀မ်းမှန်စေပါတယ်။

သကြားသီးကို အမှည့်စားသုံးနိုင်ပါတယ်။ အသီးချည်းပဲစားသုံးနိုင်သလို ဖျော်ရည်လုပ်ပြီးလည်း သောက်သုံးနိုင်ပါတယ်။

သတိပေးချက်= ဆီးချိုသမားတွေနဲ့ မတည့်ပါဘူး။ သကြားဓါတ်နဲ့ ကာဘွန်ဟိုက်ဒရိတ်ပါ၀င်မှုများလို့ မစားသင့်ပါဘူးနော်။ စားမယ်ဆိုလည်း ဆရာ၀န်နဲ့ အရင်တိုင်ပင်ကြည့်ပါ။

Credit :MyFood Myanmar

imageimage