Frankie shared a post  
8 w

8 w

ကျန်းမာရေးအတွက် ဆိုးကျိုးများစွာရှိနေတဲ့ ကွမ်းယာစားခြင်း..

ကွမ်းစားခြင်းရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်လာနိုင်ပါသလဲ❓
ကွမ်းစားခြင်းဟာ မြန်မာနိုင်ငံမှာ ပုဂံခေတ်မတိုင်မီ တကောင်းခေတ်လောက်ကတည်းက ရှိခဲ့တယ်လို့ ဆိုကြပါတယ်။အခုအချိန်ထိလည်း မြန်မာနိုင်ငံမှာ ကွမ်းကိုမက်မက်မောမော စားသုံးသူတွေများပါတယ်။နောက်ပိုင်းတွေမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေမှာပါတွေ့လာရပါတယ်။

ဒီဘက်ခေတ်အများစု ကွမ်းစားတာက အရင်ကလို ထုံး၊ကွမ်းသီး နဲ့ သာထည့်စားကြတာ မဟုတ်တော့ပဲ တစ်ဖက်နိုင်ငံတွေနေ တရားဝင်ခွင့်ပြုချက်နဲ့ ဝင်လာတဲ့ နှပ်ဆေးတွေ၊မှောင်ခိုဝင်လာတဲ့နှပ်ဆေးတွေနဲ့ပါ ထည့်စားလာကြပါတယ်။

မြန်မာပြည်ရဲ့ လူဦးရေခုနစ်သန်းကျော်ဟာ ဆေးရွက်ကြီးထွက်ပစ္စည်းတွေ စားသုံးမှုကြောင့်ရောဂါဖြစ်ကြပြီး သေဆုံးသူအရေအတွက်
တစ်နှစ်ကို ခြောက်သောင်းကျော်ရှိတယ်လို့ သုတေသနမှတ်တမ်းတွေအရ သိရပါတယ်။

ဒါကြောင့် ကွမ်းစားခြင်းရဲ့နောက်ကွယ်မှာ အောက်ပါ ဆိုးကျိုးရလဒ်တွေရရှိနိုင်မှုကို ဖော်ပြလိုက်ရပါတယ်။👇👇👇

💥ဆီးကျောက်တည်ခြင်း။

💥အစားအစာများ ဆေးများနှင့်မတည့်သောအခါ အဆိပ်ဖြစ်စေခြင်း။

💥ကွမ်းယာတွင်ပါဝင်သောဓာတ်ပစ္စည်းများနဲ့ ခံတွင်းရှိဆဲလ်များထိတွေ့မှုများတဲ့အခါ ဆဲလ်များမူမမှန်ဖြစ်လာပြီး ခံတွင်းကင်ဆာ၊ ပါးစောင်ကင်ဆာ၊ လျှာကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ တွေဖြစ်ခြင်း။

💥(Oral Submucous Fibrosis)ပါးစောင်ရဲ့အတွင်းလွှာမှာ အလုံးအကျိတ်ဖြစ်ခြင်း။

💥သွားရဲ့ကြွေလွှာများကိုပျက်စီးစေခြင်း။

💥နှုတ်ခမ်း၊သွားနှင့် သွားဖုံးများကို အရောင်စွန်းစေခြင်း။

💥နှပ်ဆေးတွင်ပါဝင်သောနီကိုတင်းဓါတ်ကြောင့် ကွမ်းကိုစွဲလမ်းစေခြင်း။

💥မျိုးဆက်ပွားပြဿနာ(မွေးလာတဲ့ကလေးမှာ ပေါင်မပြည့်ခြင်း၊လမစေ့ဘဲမွေးခြင်း။)

💥ပတ်ဝန်းကျင်အနေနဲ့လဲ ကွမ်းစားသူရဲ့ စည်းမဲ့ကမ်းမဲ့ထွေးသော ကွမ်းတံတွေးကြောင့် ပတ်ဝန်းကျင်ကို အကျည်းတန်စေနိုင်ခြင်း တို့ပဲဖြစ်ကြပါတယ်။

ချစ်ခင်ရသူတွေအနေနဲ့လဲ ကျန်းမာရေးအတွက် ဆိုးကျိုးများစွာရှိနေတဲ့ ကွမ်းယာစားခြင်းကို ဖြစ်နိုင်ပါက ရှောင်ရှားသင့်ပြီး မရှောင်နိုင်ပါက လျှော့စားသင့်ပါတယ်။ကွမ်းတံတွေးကိုလဲ ကျွတ်ကျွတ်အိတ်နဲ့ သေချာထွေးပြီး အမှိုက်ပုံးထဲကို စနစ်တကျစွန့်ပစ်ကြပါလို့ အကြံပြုရင်း နိဂုံးချုပ်အသိပေးလိုက်ရပါတယ်ခင်ဗျာ။

#frankiestories
#littleworld

image