8 w - Translate - Facebook

[Beauty tips sharing]: skin type ခွဲနည်း။

Skincare စသုံးမယ်ဆို အရေးကြီးဆုံးက
Skin typeသိဖို့ပဲ။
ကိုယ်ကဘယ်လို အသားအရေရှိလည်းဆိုတာသိမှ
Skincare တွေ ဝယ်လိုရမှာ။အဲမှ ဂျင်းမမိမှာ။
ကိုယ်က ကိုယ့်skintypeသိမှ skincareတွေဝယ်တဲ့အခါလည်း အရွေးမမှားမှာ။

ဆိုတော့ skintypeဘယ်လို ခွဲရမှာလည်းဆို
ကျွန်တော်သိသလောက်လေး sharing လုပ်ပေးမယ်။

နံပတ် ၁။
ကိုယ်အမြဲသုံးနေတဲ့ facial foamနဲ့
မျက်နှာသစ်လိုက်ပါ။

နံပတ် ၂။
မျက်နှာကို ဘာမှမလိမ်းဘဲ။ နာရီဝက် (သို့)
တစ်နာရီခန့် ထားပါ။

နံပတ် ၃။
Tissue လေးပါးပါးတစ်ရွက်ကို
မျက်နှာကိုတင်ပါ။
တင်တဲ့အခါ အဓိကတင်ရမယ့်နေရာတွေက
နဖူး၊နှာခေါင်း၊ပါး၂ဖက်၊မေးစေ့မှာသာ
တင်ပါ။

Normalဆို ပုံမှန်ပဲအဆီသိပ်မထွက်သလို အရမ်းလည်းdryမဖြစ်ဘူး။
Dryဆို တင်းတင်းခြောက်ခြောက်ကြီးဖြစ်လိမ့်မယ်။
Combination ဆို နှဖူး၊နှာခါင်းတစ်ဝိုက်၊မေးစေ့မှာ
အဆီပြန်နေပါလိမ့်မယ်။
Oilyဆို တစ်ပြင်လုံးနီးပါးအဆီပြန်ပါလိမ့်မယ်။
Sensitive ဆို ရဲတက်လာတာတို့ဖြစ်ပါလိမ့်မယ်။

ပြီးရင် ကိုယ့်skin typeကိုသိရမှာပါ။
အခြေခံအားဖြင့် skin type 5မျိူးရှိတယ်။

Normal skin
ဒီ Skin type ပိုင်ရှင်တွေက အရမ်းကံကောင်းတဲ့
Skin typeပိုင်ရှင်လေးတွေပါ။
ဘာသုံးသုံးတည့်တဲ့အထဲမှာပါတယ်။
ဝက်ခြံ၊အဆီဖုဆိုလည်း ထွက်လေ့ထွက်ထားသိပ်မရှိဘူး။
မျက်နှာက စိုစိုပြောင်ပြောင်းလေးဖြစ်တဲ့ skin typeပါ။ခေတ်စကားနဲ့ဆို glow skinပါ။
ချွေးပေါက်တစ်ခါတစ်လေဆိုကျယ်တာတွေတော့ဖြစ်နိုင်တယ်။

Dry Skin
Dry skinကတော့
အသားအရေတင်းတင်းခြောက်ခြောက်ဖြစ်နေတာ။
အဆီထွက်မှုနည်းတယ်။
တစ်ခါတစ်လေဆို အရမ်းခြောက်ပြီး
ယားယံတာတွေဖြစ်တတ်တယ်။
အသားကြမ်းတာတွေဖြစ်တတ်တယ်။
ဆောင်းရာသီဆို အသားအရေကွဲတာ
အက်တာတို့ဖြစ်နိုင်ပါတယ်။အသားခြောက်ပြီး
အသားအရေညစ်တတ်သည်။
အရေးကြောင်းထလွယ်တယ်။
တစ်ခါတစ်လေ အနီကွက်တွေဖြစ်တတ်တယ်။

Combination Skin
T zone(နှဖူး၊နှာခေါင်း၊မေးစေ့)က အဆီပြန်ပြီး
ကျန်တဲ့ ပါး၂ဖက်ကခြောက်နေတာပါ။
ဆိုတော့ အဆီဖု၊ဝက်ခြံတွေ မကြာခဏထွက်တတ်တယ်။
ချွေးပေါက်ပိတ်တာတို့ဖြစ်နိုင်တယ်။
အသားအရေမှာ moisture ညီမျှမှုမရှိ။
အသားအရေက ပြောင်ပြောင်ကြီးဖြစ်တတ်တယ်။
အထူးသဖြင့် T zoneနေရာတွေမှာ။
ဆောင်းရာသီဆို Normal ဘက်ကိုသွားတတ်တယ်။

Oily Skin
တစ်ပြင်လုံးနီးပါး အဆီပြန်တယ်။
အိုင်ခံပြီးအဆီတွေအရမ်းပြန်တတ်တယ်။
အထူးသဖြင့် နွေရာသီမှာ။
အဆီဖု၊ဝက်ခြံတွေက ဆွေမျိုးလိုတွေလိုပဲ။
ပျောက်လိုက် ဖြစ်လိုက်။
အသားကညစ်ညစ်ကြီးဖြစ်တတ်တယ်။
Makeupလိမ်းရင် ပိုဆိုး။
အရေးကြောင်းတော့ မထတတ်ဘူး။
အဆီအရမ်းထွက်လို့ ချွေးပေါက်ပိတ်တာတို့
ဖြစ်နိုင်တယ်။
ချွေးပေါက်ကျယ်တာတွေ ဆားဝက်ခြံတွေအဖြစ်များတယ်။အမဲစက်ရောပဲ။

Sensitive Skin
အဆီဖု၊ဝက်ခြံထွက်တိုင်း sensitive skinမဟုတ်။
တကယ့် Sensitive skinက
ဘာသုံးသုံးမတည့်။
ဥပမာ အနံ့ပါတာ၊alcohol %များတာ၊စတဲ့
ပစ္စည်းတွေ။
ပြီးတော့ Sensitive skinဆို skincareကိုစွဲသုံးတာပဲ
ကောင်းတယ်။skincare routine ကိုသိပ်မပြောင်းပါနဲ့။
အသားကရဲတက်လာတာ၊နီးမြန်းတာ၊
ယားယံတာတို့ဖြစ်တတ်တယ်။
သတိထားရမှာက ဒီskin typeဆို သုံးတဲ့ပစ္စည်းတွေက စျေးကြီးတယ်။
Allergicထလွယ်တယ်။
Mildဖြစ်တဲ့ဟာ chemical နည်းတဲ့ဟာကရွေးသုံးပါ။
Skintypeအလိုက် သုံးရမယ့် ဟာတွေကို
Linkလေးချထားတယ်။ဝင်ပြီးကြည့်ကြည့်ပါ။
https://www.facebook.com/10278....37057422369/posts/13

ဒါက Combination & Oily အတွက် အထူးစပယ်ရှယ်။
https://m.facebook.com/story.p....hp?story_fbid=133603

Skin typeကအသက်အရွယ်အလိုက်
ပြောင်းနိုင်ပါသေးတယ်။
ကျွန်တော်ဆို ၁၅၊၁၆လောက် ကoily skin
အခု 17မှာ Combination အထိပြောင်းသွားပါတယ်။

ဆိုတော့ ဒီနေ့တော့ဒီလောက်ပဲ။
ကျန်ခဲ့တာတွေရှိရင် commentမှာဆွေးနွေးနိုင်တယ်။

#skincarebyaung
#skintype
#crd