Frankie shared a post  
8 w

8 w

အမေနဲ့အတူတူအိပ်ခဲ့ရတဲ့ ခလေးတုန်းက
ဘေးမှာ ဘေးတစောင်း ကျောပေးအိပ်နေတဲ့
အမေ့ ကျောပြင်ကိုကြည့်ရင်း
အမေ သေသွားရင် ငါဘယ်လိုနေရပါ့မလဲ
ခလေး သဘာဝအတွေးနဲ့ တကယ်ကြိတ်ငိုခဲ့ရဖူးတယ်။

အသက်တွေ ကြီးလာတော့
အမေ ချက်‌ကျွေးဟင်းလေးကို ဘယ်လိုလေး
စားချင်တာလို့ ပြောလိုက်တာနဲ့ အမေကမီးဖိုချောင်ထဲ အမြဲရှိ နေတတ်တယ်။

အမေက "အမေရှိတုန်းက( ကိုယ့်အဖွား) ချက်ကျွေးတဲ့ ဟင်းလေးကလေ" ဘယ်လို ဘယ်အကြောင်း အမြဲပြောတတ်ရင်း အဖေမရှိ‌တော့တဲ့‌နောက်ပိုင်း မီးဖိုချောင်‌နေရာခန်းလေးကပဲ သူ့အတွက် အပူပင်ကင်းတဲ့‌နေရာဖြစ်လာခဲ့တယ်ထင်ပါတယ်.....

နေထိုင်လာရင်းနဲ့ အဲ့နေ့က အိမ်အပြန်လမ်း မှာ
အမေပြန်ပါမလာတော့ဘူး ဆိုတဲ့ အသိနဲ့ တလမ်းလုံး
တင်းထားလာတဲ့ ကိုယ်က အိမ်ထဲ ဝင်ဝင်ချင်း
ဘယ်သူမှမရှိတော့ဘူး ဆိုတဲ့ စကားကိုပဲ
ထပ်ခါ ထပ်ခါ ပြောရင်း ငိုနေခဲ့တာပဲ မှတ်မိတော့တယ် ........

နေထိုင်လာရင်း နဲ့ပဲ မီးဖိုချောင်က ကိုယ့်အတွက်
အရာအားလုံးကိုခဏ မေ့နေတတ်တဲ့ နေရာ ဖြစ်လာတယ် ...အမေရှိတုန်းက ချက်ကျွေးတဲ့ ငါးအချဉ်ရည်‌ဟင်း‌လေးစားချင်တယ်......။

#frankiestories
#littleworld

image