Frankie shared a post  
8 w

8 w

"ဗဟုသုတရဖွယ် ကျောက်ကပ်ပျက်စီးစေတဲ့
လက္ခဏာရပ်တွေနဲ့ နေ့စဉ်အမူအကျင့်များ"

ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကျောက်ကပ်ကောင်းဖို့ကလည်း အရမ်းအရေးပါလှပါတယ်။ကျောက်ကပ်ဟာ ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပေးတာအပြင် သွေးနီဥထုတ်လုပ်တာ၊ဗီတာမင်ဒီထုတ်လုပ်တာတွေအပြင် သွေးဖိအားကို ထိန်းချုပ်တဲ့ ဟော်မုန်းထုတ်တာတွေကို အဓိက လုပ်ဆောင်ပေးပါတယ်။

ကျောက်ကပ်ပျက်စီးသွားရင် အညစ်အကြေးတွေ မစွန့်နိုင်ရုံသာမကဘဲ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်လာနိုင်ကာ အလုပ်အကိုင်ပျက်တဲ့ အဆင့်ကနေ လူမမာတစ်ယောက်လိုဖြစ်သွားနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ အခြေအနေဆိုးရွားနိုင်ပါတယ်။ဆီးချိုသမားတွေမှာ ကျောက်ကပ်ပျက်စီးမှု အများဆုံးတွေ့ရပြီး ဆီးချိုကို ကောင်းကောင်းမထိန်းနိုင်လေလေ ကျောက်ကပ်ထိဖို့ အခွင့်အရေးများလေလေပါပဲ။

ကျောက်ကပ်ရောဂါတွေက အများအားဖြင့် လက္ခဏာမပြတတ်ပဲ လက္ခဏာသိတဲ့အခါမှာလည်း ရောဂါက ရင့်နေတတ်တဲ့အတွက် အောက်ပါအချက်များကို သေချာစွာသိရှိစေရန် ရည်ရွယ် ပြောပြလိုက်ရပါတယ်။
👇👇👇

🌟အိပ်ရာနိုးချိန် မျက်နှာတွေ ဖောအစ်နေတာ။

🌟အသားအရေတွေ ခြောက်ပြီး မည်းလာတာ။

🌟လူနုံးပြီး အာရုံစူးစိုက်လို့ မရတာ။

🌟အိပ်မပျော်၊အစားအသောက်ပျက်တာ။

🌟ကြွက်တက်၊ခြေကျင်းဝတ်တွေ ဖောတာ။

🌟ဆီးသွားတာ ပုံမှန်မဟုတ်တာ။

🌟သွေးတွင်းပိုတက်ဆီယမ် တက်လာတာ။

🌟သွေးအားနည်း၊သွေးတိုးထိန်းရခက်လာတာစတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါအပြင် အသင့်စားအစားအစာတွေ အမြဲစားခြင်း၊ရေငတ်တဲ့အခါ ရေမသောက်ဘဲနေခြင်း၊ဆေးလိပ်သောက်ခြင်း၊အကိုက်အခဲပျောက်ဆေးတွေ မကြာခဏသောက်ခြင်း၊ဖြည့်စွက်အားဆေးနဲ့ ဆေးမြီးတိုတွေ မှီဝဲခြင်း၊စသည်တို့ကလဲ ကျောက်ကပ်ကို ပျက်စီးစေတဲ့နေ့စဉ်အမူအကျင့်တွေ ဖြစ်ပါတယ်။

ချစ်ရသူတို့လဲ ကျောက်ကပ်ရောဂါမဖြစ်အောင် ကာကွယ်ဖို့ သေချာသိထားသင့်တဲ့အရာတွေကို သိရှိပြီး ဘဝဖြတ်သန်းရာ ခရီးလမ်းကို ကျန်းမာပျော်ရွှင်မှုတွေနဲ့ အတူ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ဆက်လိုက်ရပါတယ် ခင်ဗျာ။

#frankiestories
#littleworld

image