ဝိတ်ချနေတဲ့သူတွေ သတိမမူပဲလုပ်မိနေတဲ့ အမှား 3️⃣ ခု

1️⃣ ဝိတ်မခြင်းကိုမပြုလုပ်ပဲ တခြားလွယ်ကူခုန်ပေါက်ပြီး ချွေးထွက်များအောင်လုပ်နေတာ

တကယ်က ဝိတ်မခြင်းသည် အကြောတွေကိုသန်မာစေပြီး အသားကျစ်လစ်စေလို့ ဝိတ်မခြင်းကို ပြုလုပ်သင့်တယ်

2️⃣ အစားလျှော့စားတာ

အစားလျှော့စားရင် ပိန်လာမယ်ထင်ကြတယ် လုံးဝမှားတာပဲ ပုံမှန်ထက်လျှော့မစားပဲ ကယ်လိုရီနဲတာလေးတွေရွေးစားသင့်တာပါ အဆီအဆိမ့်ဆီကြော် Ready made အစားအစာတွေသာ ရှောင်ပေးပါ အဟာရဖြစ်စေတဲ့ အသီးအရွက်ပိုစားပေးပါ ဒါမှ ဝိတ်လဲကျ အားလဲရှိပြီး ပိုကျန်းမာမှာပါ

3️⃣ အသားမစားတော့ပဲ လုံးဝရှောင်လိုက်တာ

တကယ်က ပရိုတင်းအသားဓါတ် လိုအပ်ပါတယ် ဘယ်လိုစားရမလဲ ဆီနှစ်ကြော်တာ ဆီပြန်ချက်တာရှောင်ပြီး ပြုတ်စားတာ ပေါင်းစားတာမျိုး လုပ်စားလို့ရပါတယ် ရံဖန်ရံခါ ကင်စားတာမျိုးလုပ်လို့ရတယ် အသားမဟုတ်ပဲ ပရိုတင်းကြွယ်ဝတဲ့ ပဲတွေလဲ အစားထိုးစားပေးနိုင်ပါတယ်

ကျန်းမာစွာဝိတ်ကျလှပနိုင်ကြပါစေ
#ဝိတ်ချနည်းလမ်းများ
#crd

image