8 w - Translate

၁၈၉၂ ခုနှစ် မှာတောင်ကြီးမြို့ကို အင်္ဂလိပ်တွေက မြို့သစ်တည်ဆောက်ခဲ့ပါတယ် ၊ အရင်က ညောင်ရွှေ မြို့နယ် မိုင်းသောက်ရွာအနီး က စတက်မန်း ခံတပ်မှာ ကိုလိုနီ အုပ်ချုပ်ရေး စတင်ခဲ့ ပါတယ် .. နောင် ငှက်ဖျားပေါ အသေအပျောက်များလို့ အမြင့်ပေ ၄၇၁၂ မှာရှိတဲ့ တောင်ကြီးမြို့ကို တည်ဆောက်တာဖြစ်ပါတယ် ။

အရှေ့ဘက်မှာရှိတဲ့ မြင့်မားတဲ့တောင်တန်းကြီးကို အစွဲပြုပြီးတောင်ကြီးမြို့လို့ အမည်သတ်မှတ်ခဲ့ တာ အခုချိန်ထိပါပဲ ..။ အဲ့ဒီနေရာမှာ မှာ ပအို့ဝ်း ရွာလေးတွေ ၊ ရှမ်းရွာလေးတွေ ရှိပါတယ် ၊ လူအများပြောပြောနေကြတဲ့ ဒုံတောင်တီ ဆိုတဲ့ရွာလေးနဲ့ တောင်ခြေက မွန်ခြိမ်ရွာ လေးအပါအဝင်ပေါ့ရှင် ..။ညောင်ရွှေစော်ဘွားစဝ်အုံထံမှ ဗြိတိသျှတို့က မြေဧက ၄.၉ စတုရန်းမိုင် ကို တောင်းယူ တည်ဆောက်ခဲ့တယ် လို့ သမိုင်း အတည်အကျ ဆိုပါတယ် .. ။

တပ်မြေပုံစံ စနစ်တကျ အကွက်ရိုက် ပြီး လမ်းများဖောက်လုပ်ပါတယ် ၊ အစိုးရရုံးများဆောက်လုပ်ပါတယ် ..။ ၁၈၉၂ ခုနှစ်မှာဗြိတိသျှ အရေးပိုင် ဟေးလ်ဒီ ဘရန်း စတင်ရုံးထိုင်ပါတယ် ..။

တောင်ကြီးမြို့မှာ (၁) အရေးပိုင်အိမ် ၊(၂) လက်ထောက် အရေးပိုင်အိမ်(၊၃) တိုင်းသစ်တော အရာရှိအိမ် ၊(၄) လမ်းအရေးပိုင်အိမ်၊ (၅) ဆရာဝန်ကြီးအိမ် ၊(၆) လက်ထောက် ဆေးရုံအုပ် အိမ် ၊(၇)ရဲအရာရှိအိမ် ၊(၈) တရားရုံး ၊ အရေးပိုင်နဲ့ နိုင်ငံရေး အရာရှိရုံးများ ၊(၉) ငွေတိုက်၊ (၁၀) အချုပ်ခန်း၊ (၁၁) လမ်းဌာနရုံး ၊(၁၂) ဒါဘာ ခန်းမ ၊(၁၃)ဆေးရုံ ၊(၁၄) စာတိုက် ၊ (၁၅) ကြေးနန်းရုံး ၊(၁၆) အရာရှိရိပ်သာ ( ဗိုလ်တဲ) ၊(၁၇) လမ်းတံတား တည်းခိုရိပ်သာ တို့ကို တပြိုင်နက်တည်ဆောက်ခဲ့ပါတယ် ..။

ကျွန်မ တောင်ကြီး ရောက်ရင် သမိုင်းဝင် (၁၇) နေရာ လိုက်ရှာကြည့်ပါတယ် ..။ အမှတ်စဉ်(၁) အရေးပိုင်အိမ် ၊ ( အိမ်တော် ၊အစိုးရ အိမ်တော် လို့ထင်ပါတယ် ၊ အဝေးကပဲ လှမ်းမျှော်ကြည့်ရတယ် ၊ အနားကပ်လို့မရ) အမှတ်စဉ်(၃) တိုင်းသစ်တောအရာရှိအိမ် ( အဝေးကလှမ်းရိုက်ရ ခွေးကိုက်မှာကြောက်လို့) ၊ အမှတ်စဉ် (၁၁) လမ်းဌာနရုံး၊အမှတ်စဉ်(၁၄) နဲ့(၁၅) စာတိုက်နဲ့ကြေးနန်းရုံး အဆောက်အဦတွေပဲ မြင်တွေ့မိပါတယ် ။

နှစ်ပေါင်း (၁၃၀) ကျော်သက်တမ်းရှိတဲ့ တောင်ကြီးမြို့ ရဲ့ ရှေးဟောင်းအဆောက်အဦ ကြီးတွေ ဘေးကင်းပါစေ.. ။

#crd

image
image
image