8 w - Translate

ဆွီဒင်တွင် ပထမဆုံး အမ်ပေါက်စ်လူနာတွေ့ရှိ
------------------------
ဆွီဒင်နိုင်ငံမှာ ပထမဆုံး အမ်ပေါက်စ်ဗိုင်းရပ်စ် ကူးစက်မှုကို စစ်ဆေးတွေ့ရှိထားကြောင်း ဆွီဒင်နိုင်ငံ တာဝန် ရှိသူတွေက ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ WHO ကနေ အမ်ပေါက်စ်ဗိုင်းရပ်စ်ကို ကမ္ဘာ လုံးဆိုင်ရာ အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာပြီး နောက်တစ်နေ့မှာ အာဖရိကတိုက်ပြင်ပမှာ ပထမဆုံးတွေ့ရှိရတာဖြစ်ပါတယ်။

ကူးစက်ခံရတဲ့ လူနာဟာ ရောဂါကူးစက်မှုတွေ ကျယ်ပြန့်စွာဖြစ်ပေါ်နေတဲ့ အာဖရိကတိုက်တစ်နေရာမှာ နေထိုင်ခဲ့စဉ်မှာ ကူးစက်ခံလာခဲ့ရတာဖြစ်တယ်လို့ ဆွီဒင်ပြည်သူ့ကျန်းမာရေးအေဂျင်စီ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ အဲဒီလူနာဟာ Clade I မျိုးကွဲဗိုင်း ရပ်စ်ကူးစက်ခံရတာဖြစ်ပြီး WHO က ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ကျန်းမာရေး ကုသစောင့် ရှောက်မှုပေးထားကြောင်းလည်း သူက ပြောပါတယ်။

ကွန်ဂိုဒီမိုကရက်တစ် သမ္မတ နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အဲဒီအမ်ပေါက်စ်ဗိုင်းရပ်စ်ဟာ အိမ်နီးချင်းနိုင်ငံတွေဆီ မြန်မြန်ဆန်ဆန် ကူးစက်ပျံ့ပွားလာတဲ့နောက် ကမ္ဘာ့ကျန်း မာရေးအဖွဲ့ကြီးက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။

image