Intermittent Fasting 24 နာရီအစာမစားပဲနေတာ တစ်နေ့ ၁ ပေါင်‌လောက်ကျတယ်၊ အခု ၉ရက်ရှိပြီ တစ်နေ့တစ်နပ် ကောင်းကောင်းစားတယ် ပြီးရင် ဘာမှမစားတော့ပဲနေတာ ၁၀ ပေါင်ကျသွားတယ်၊ စိတ်လည်းကြည်တယ် အူလည်းရှင်းတယ်၊ ဗိုက်ဆာလည်း ခနပဲ ရေသောက်လိုက်ရင် အဆင်ပြေသွားတယ်၊ အချိုမပါတဲ့ ကော်ဖီ၊ ရေနွေး‌ကြမ်း သောက်တယ်။ 24 နာရီက ခတ်ရင် 16-8 လောက်ကနေစလုပ်ပါ။ စားလို့ရတဲ့အချိန်အတွင်း ကြိုက်သလိုစားနိုင်ပါတယ် သကြားနဲ့အရက်တော့ရေဗာင်ပေးပါ၊ Balanced diet meal ဆိုပိုထိရောက်ပါတယ်၊ လေ့ကျင့်ခန်းပေါ့ပေါ့ပါးပါးလုပ်လို့ရပါတယ်၊ app နဲ့မှတ်ပါ အောက်မှာ လင့်ချပေးထားပါတယ်။ သိပ္ပံပညာရှင်တွေကသာ အခုမှသိကြတာ ဘာသာတိုင်းမှာ ဥပုသ်ဆိုတာ ဟိုးနှစ်ပေါင်ထောင်ချီကတည်းက စလုပ်ခဲ့သော fasting ပါ၊ ဝိတ်ကျဖို့အတွက် ဘာစားလဲဆိုတာထက် ဘယ်အချိန်စားလဲဆိုတာကပိုအရေးပါပါတယ်။

(Disclaimer - ကိုယ်ခံအားနည်းသူများ အဆင်မပြေပါ အထူးသဖြင့်ခုလို ကိုဗစ်ကာလအတွင်း၊ IF က လူတိုင်းနဲ့အဆင်မပြေပါ ကိုယ်ဝန်ဆောင်သည်၊ အစာအိမ်ရောဂါသည်၊ Type 1 Diabetes နှင့် အခြားရောဂါအခံရှိသူများအတွက် အန္တရာယ်ရှိပါတယ်၊ ကျန်သူများလည်း ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ လုပ်ပါရန်။ အထူးသဖြင့် ကိုဗစ်ကာလအတွင်း ဂရုစိုက်ကြပါ မင်မင်ကတော့ လူသူမရှိတဲ့အရပ်မှာမို့ အဆင်ပြေတယ်။ ကိုယ်နဲ့ကိုက်ညီပြီး ဆရာဝန်က လုပ်ဆိုမှ အညွှန်းအတိုင်းလုပ်ကြပါ)

Disclaimer - Intermittent Fasting မလုပ်သင့်သူများ
၁၊ ၁၈နှစ်အောက်
၂၊ ကိုယ်ဝန်ဆောင်သည်၊ နို့တိုက်မိခင်များ
၃၊ ဆီးချိုရှိသူများ၊ နှလုံးရောဂါရှိသူများ
၄၊ ပိန်သူများ
၅၊ အစာမမှန်သူများ၊ အစာအိမ်ရှိသူများ
၆၊ ဓမ္မတာ မမှန်ကြသူများ
၇၊ ကိုယ်ခံအားနည်းသူများ
၈၊ လက်တလော ရောဂါဖြစ်ထားသူများ
ကျန်သူများ လည်း ဘာပဲဖြစ်ဖြစ် ဆရာဝန်ကိုမေးပြီးမှသာ IF ကိုလုပ်ပါနော်။

#crd

image