8 w - Translate

မြန်မာ့အထူးအသုံးဝင်သည့် သစ်မျိုးများ

ဦးဟုတ်လင်း(ညွှန်မှူး၊ငြိမ်း၊သစ်​တော)

မြန်မာနိုင်ငံတွင် ဂုဏ်သတ္တိအမျိုးမျိုးဖြင့်
ပြည့်စုံသော သစ်မျိုးများစွာရှိပါသည်။ က
သစ် ၊ လက်ပံကဲ့သို့ သစ်များမှာ အလွန်ပျော့
သဖြင့် လက်သည်းဖြင့်ခြစ်လျှင် အစင်းထင်
သည်။ ကံ့ကော်၊ ပိတောက်၊ သစ်ရာ၊ အင်
ကြင်းစသည့် သစ်မာသစ်မျိုးတို့မှာ အလွန်
မာသောကြောင့် အသုံးပြုသည့်လွှ ၊ ဆောက်
အစရှိသည်တို့သည် မကြာခဏ တုံးကုန်ကြ
သည်။ ကိစ္စအဝဝအတွက် အသုံးပြုနိုင်သည့်
သစ်မျိုး အများအပြားရှိသော်လည်း ကျွန်း ၊
ပျဥ်းကတိုး ၊ ပိတောက် ၊ တမလန်း ၊ သစ်ရာ ၊
အင်ကြင်းစသည့် သစ်မာမျိုးများကို သုံးရမှ
ကိစ္စပြီးမြောက်သည်ဟု မှတ်ယူနေကြသည်။
အခြားသစ်မျိုးများကိုမူ ညံ့သည်ဟူသော
သဘောဖြင့် " တောသစ် " ဟူ၍ပင် ခေါ်ကြ
သည်။

မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်ကြီး မ
ဖြစ်မီက လူဦးရေ ၁၈ သန်းခန့်သာ ရှိသော်
လည်း ယခုအခါ သန်း ၅၀ ကျော်သို့ တိုး
တက်လျှက်ရှိသည်။ သို့ရာတွင် အမြဲတမ်း
ထိန်းသိမ်းထားနိုင်မည့် သစ်တောကြိုးဝိုင်း
ဧရိယာများမှာ သိသိသာသာ တိုးတက်ခြင်း
မရှိပေ။ တဖက်တွင်လည်း တိုင်းပြည်ဖို့ဖြိုး
မှုအတွက် မြှုတ်နှံရမည့် နိုင်ငံခြားငွေကို
လည်း ပိုမိုရရှိရန် ရှာကြံရဦးမည်ဖြစ်သော
ကြောင့် ကျွန်ုပ်တို့သည် ခြိုးခြံချွေတာရမည့်
အခြေအနေသို့ ဆိုက်ရောက်လာပြီးဖြစ်
သည်။

ဤသို့ရေးသားရသည့် အကြောင်းရင်းမှာ
ပြည်တွင်းတွင် သင့်တော်သည့် သစ်မျိုးများ
ကိုအသုံးပြုပြီး စျေးကောင်းရ လူကြိုက်များ
သော အဖိုးတန်သစ်မျိုးများကို နိုင်ငံခြားသို့
တင်ပို့ရောင်းချစေလိုခြင်းကြောင့်ဖြစ်သည်။
အသုံးမများ နံမည်မထွက်သေးသော သစ်မျိုး
များကို ပိုမိုထုတ်ယူသုံးစွဲနိုင်ရန် သစ်တစ်မျိုး
စီတွင် မည်ကဲ့သို့သော ဂုဏ်သတ္တိများရှိ
ကြောင်းကို ဂဃဏန သိရန်လိုအပ်ပါသည်။

မြန်မာတွင်ပေါက်ရောက်သည့် သစ်မျိုးများ
တို့၏ ကြာရှည်စွာ အသုံးခံနိုင်မှုများကို စမ်း
သတ်ချက်များအရ အောက်ပါအတိုင်းတွေ့ရှိ
ရသည်။

( ၁ ) အလွန်ကြာရှည်စွာ အသုံးခံသည့်သစ်မျိုးများ။

( Very Durable )

ရှား သစ်စေး
သစ်မန်ကျည်း ကံ့ကော်
မြောက်လုတ် သစ်ခါး
ဖက်ဝန်း အင်ကြင်း
ကြတ်နန် ပိတောက်
ကရဝေး သစ်ရာ
တမလန်း ကျွန်း
သရက်သစ်စေး ပျဥ်းကတိုး
ယမနေ

( ၂ ) ကြာရှည်စွာ အသုံးခံသည့်သစ်မျိုးများ။

( Durable )

မြန်မာကုက္ကို
သစ်နီ
တလိုင်းခေါင်း
ဘန့်ပွေး
ကုလားပိတောက်
ထွနီ
ယူကလစ် Eucalyptus camaldulensis.
ကပ္ပလီပျဉ်းမ
စကားဝါ
သစ်ရှို

( ၃ ) အသင့်အတင့်ကြာရှည်စွာ အသုံးခံသည့်သစ်မျိုးများ။

( Moderately Durable )

စစ် သပြေ
နံတရုတ် မျောက်ချော
အောက်ချင်းစာနီ သင်ကန်း
ရုံး ပျဉ်းမ
တောင်ပိန္နဲ ခရေ
ပိန္နဲ သင်ကန်းတူ
သတီ သစ်မင်းဖို
ငုရွှေ ကြို့
သစ်အယ် ကြေးလံ
သစ်မအီး ရေထောက်ကြံ့
ရင်းမာ သန်း
ခလောင်နီ ထောက်ကြံ့ တို့ဖြစ်ကြသည်။

https://www.facebook.com/share..../NGaJmdgLEXdMHXxf/?m

image