8 w - Translate

☂ဝင်ဒါမီယာ (၆)လမ်း
( 6 ) Windermere Roads
*************************
ဝင်ဒါမီယာ ၆ လမ်းက
အင်္ဂလိပ် ကိုလိုနီ ဘဝကတည်းကစ၍ ယခုအချိန်အထိ ရန်ကုန်မြို့ရဲ့ ပထမတန်းစား မြေအမျိုးအစား ခြံဝန်းကျယ်များ နဲ့ သွားလာရေးအ ကောင်းဆုံး ကမာရွတ်မြို့နယ် ဆိတ်ငြိမ်ရပ်ကွက် အတွင်းက လမ်းများ
ဖြစ်ကြပါတယ်။

သံပန်းဂိတ်တံခါး နှင့် အစောင့်များရှိ့ရာ VIP များနေထိုင်သော ဇော်ဂျီ လမ်းကို လမ်းမှား၍ လွန်ခဲ့သော ၉ နှစ်ခန့်က ဝင်သွားပြီး ဟံသာဝတီ အဝိုင်းဖက်မှ ခပ်တည်တည် နဲ့ ပြန်ထွက်ခဲ့ဖူးပါတယ်။

ဥယျာဥ်လမ်းကိုတော့ လက်ပန်တန်း ငယ်သူငယ်ချင်း ဦးအောင်ခိုင် နဲ့အတူ နာမည်ကြီး မဖြူ မုန့်ဟင်းခါး စားဖို့ ရောက်ဖူးပါတယ်။

ဦးသန့်ပြတိုက် THE U THANT HOUSE ရှိ့ရာ လခြမ်းပုံသဏ္ဌန်လမ်း Windermere Crescent ပန်းဝါလမ်းကိုတော့ ရန်ကုန် ပညာရေး တက္ကသိုလ် မြတ်ဆရာ ပူဇော်ပွဲ အစည်းအဝေးအပြီး Senior (8😇 ဦးကျော်ဝင်း၊ (81) ဦးသိန်မြင့်ဆောင်း တို့နဲ့ အတူ အပေါ်ထပ် အောက်ထပ် အနှံဝင်ရောက်လေ့လာကြည့်ရှုခဲ့ဖူးပါတယ်။
သံလွင်လမ်းကိုတော့ ဓာတ်ပေါင်းစုံ အောင်မင်းခေါင်စေတီ သွားရင်း ရောက်ဖူးပြီး ချင်းတွင်းလမ်း နဲ့ ရွှေလီလမ်းကိုတော့ ဖြတ်သွားဖူးရုံသာပါ။

1.Windermere – Thanlwin Road
သံလွင်လမ်း
2.Lower Windermere – Chindwin Road
ချင်းတွင်းလမ်း
3.Windermere Court – Shweli Road
ရွှေလီလမ်း
4.Windermere Garden – Ou Yin Road
ဥယျာဥ်လမ်း
5.Windermere Park – Zawgyi Road
ဇော်ဂျီလမ်း
6.Windermere Crescent (လခြမ်းပုံလမ်း) – Panwa Road
ပန်းဝါလမ်း

#ukyawmoeoo ( Okkan / Latha )
# OldBurma Fb Gp မှကူးယူဖော်ပြသည်။

imageimage
+6